2 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားကို နှုတ်ဆက်လာပြီးနောက် ယူရို ၂၀၂၈ ကစားဦးမယ်လို့ ခရစ္စတီယာနိုရော်နယ်ဒို အရိပ်အမြွက်ပြောကြားလာ
=======================

ခရစ္စတီယာနိုရော်နယ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်လို့ အတည်ပြုလာပေမဲ့လည်း ပေါ်တူဂီအတွက် ဆက်လက်ကစားလာနိုင်သေးကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ယင်းသို့ ပေါ်တူဂီအတွက် ဆက်လက်ကစားလာနိုင်မှုနှင့်အတူ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသက် ၄၃ နှစ် အရွယ် ရှိနေမှာ ဖြစ်တဲ့ လာမဲ့ နှစ်နှစ်တွင် ကျင်းပမဲ့ ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ကစားလာနိုင်သေးကြောင်း သတင်းများထွက်ပေါ်လာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့ညတုန်းက စပိန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာလိုက်ရပြီးနောက် မျက်ရည်ကျခဲ့ရပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားဟာ ကမ္ဘာ့ဖလားဆုဖလား ဆွတ်ခူးနိုင်ခြင်း မရှိဘဲ ကစားသမားဘဝအား အဆုံးသတ်လာရတော့မှာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အသက် ၄၁ နှစ်အရွယ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၃ နှစ်ကြာ ကစားလာတဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝကို ဆက်လက် ကျင်လည်လာဖို့ ရှိနေပါတယ်။
ရော်နယ်ဒိုက "ကမ္ဘာ့ဖလားက ထွက်ရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော် အားလုံးပေးခဲ့တယ်။ ဟုတ်တယ်။ အကောင်းဆုံးလုပ်ခဲ့တယ်။ ရှင်းလင်းကြည်လင်တဲ့စိတ်နဲ့ ထွက်ခွာမယ်။ ဒါက ဘောလုံးပါ။ ဒါက ဘောလုံးသမားတွေရဲ့ဘဝပါ။ တခါတလေ အနိုင်ရတယ်။ တခါတလေ ရှုံးတယ်။ ပြီးတော့ ဆက်ပြီးတော့ သွားနေရမယ်။ ဒီကမ္ဘာ့ဖလားက နောက်ဆုံးဆိုတာ အမှန်ပါ။ ဟုတ်ပါတယ်။ ဒါပေမဲ့ အခု အချိန်ယူတွေးဖို့ အချိန်ရှိပါသေးတယ်။ မိသားစု တိုင်ပင်မယ်။ အပူတပြင်း ဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဘဝကို ဆက်လက်ရှင်သန်မယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ခရစ္စတီယာနိုရော်နယ်ဒိုက ယူရို ၂၀၂၈ အထိ ကစားကာ ဒုတိယမြောက် ယူရိုဖလား ဆွတ်ခူးရေး ကြိုးပမ်းလာနိုင်သေးကြောင်း ပြောကြားလာပါတယ်။
၎င်းက "ဒီကနေ့ ဘယ်လို ခံစားရလဲ? အရင်အတိုင်းပါပဲ။ စိတ်က ရှင်းရှင်းလေးပါ။ အကောင်းဆုံးပေးခဲ့တယ်။ ပေါ်တူဂီနဲ့ ဆုဖလားသုံးလုံး ရခဲ့တယ်။ ခရစ္စတီယာနို မတိုင်ခင် ပေါ်တူဂီမှာ ဘာဆုဖလားမှ မရှိဘူး။ ဒီတော့ အရမ်းပျော်တယ်။ လက်ရွေးစင်အသင်းနဲ့ ကျွ့န်တော် ရရှိခဲ့တဲ့ အကြီးမားဆုံးအောင်မြင်မှုက ယူရို ၂၀၁၆ ဆိုတာ အမှန်ပါ။ ကျွန်တော့်အတွက် ကမ္ဘာ့ဖလားနဲ့ တန်ဖိုးချင်း အတူတူပါပဲ။ ဒါကြောင့်လည်း ဒီစကားကို ထပ်ပြောနေတာပါ။ ရှင်းလင်းတဲ့ စိတ်နဲ့ ထွက်ခွာမယ်။ အကောင်းဆုံးပေးခဲ့တယ်။ ဒါပါပဲ။ မနက်ဖြန်က နေ့သစ်ပါ။ ဘဝလည်း ဆက်သွားနေမယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Nassr နှင့် တစ်နှစ်ကျန် စာချုပ်သက်တမ်းသာ ကျန်တော့ပြီ ဖြစ်ပြီး အသက် ၄၂ နှစ်အရွယ်တွင် ရှိနေမဲ့ လာမယ့်နှစ် ဇွန်လမှာ ကုန်ဆုံးလာပါမယ်။
တဖက်တွင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဂိုးတစ်ထောင်ပြည့်သွင်းနိုင်ရေး ၂၄ ဂိုးတည်းသာ လိုပါတော့တယ်။

image