2 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ပြီး အင်္ဂလန်စတားများကို ၂ ရက်အနားပေးပြီး ဆုချလာတဲ့ သောမတ်စ်တူချယ်
==================

သောမတ်စ်တူချယ်ဟာ ပူးတွဲအိမ်ရှင်မက္ကဆီကိုအား အနိုင်ရရှိကာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ပြီးနောက် အင်္ဂလန်စတားများအား ၂ ရက်အနားပေးကာ ဆုချလာပါတယ်။
အင်္ဂလန်စတားများဟာ ကန်ဆက်စ်စီးတီးရှိ အင်္ဂလန်အသင်းအခြေစိုက်ရာ နေရာသို့ မိသားစုဝင်များ၊ သူငယ်ချင်းများအား ယနေ့နှင့် မနက်ဖြန်တို့တွင် ဖိတ်ခေါ် တွေ့ဆုံခွင့် ရရှိလာတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားများဟာ ယနေ့နံနက်ပိုင်းတုန်းက မက္ကဆီကိုစီးတီးမှ လေးနာရီကြာ လေယာဉ်ခရီးစီးနင်းပြီးနောက် အသင်းဟိုတယ်သို့ ပြန်လည်ရောက်ရှိလာကြပါတယ်။
တချို့ကစားသမားများမှာ မက္ကဆီကိုနှင့်ပွဲစဉ်အတွင်း ရရှိခဲတဲ့ ဒဏ်ရာများကို ဆေးကုသမှု ပြုလုပ်မှု ခံယူရပါမယ်။
ဒါပေမဲ့ တူချယ်ဟာ အင်္ဂလန်ကစားသမားများအား ၂ ရက်ကြာ အနားပေးပြီးတော့မှ စနေနေ့တွင် နော်ဝေနှင့် ကစားရမဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်လာပါမယ်။
ဒါကြောင့်လည်း အင်္ဂလန်ကစားသမားများဟာ ယနေ့တွင် ဖလိုရီဒါရှိ အသင်းခြေစိုက်ရာ ဟိုတယ်သို့ သူငယ်ချင်းများ၊ မိသားစုများကို ဖိတ်ကြားတွေ့ဆုံခွင့်ပေးလာပါတယ်။
ယခုမတိုင်မီ သောမတ်စ်တူချယ်ဟာ အင်္ဂလန်ကစားသမားများဟာ ပွဲအပြီးတွင်မှ မိသားစုဝင်များ၊ သူငယ်ချင်း၊ ချစ်သူများနှင့် တွေ့ဆုံခွင့်ပေးပါတယ်။
အင်္ဂလန်အသင်းဟာ ဗုဒ္ဓဟူးနေ့တွင် Swope Soccer Village တွင် လေ့ကျင့်ခန်းပြန်ဆင်းလာမှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကြာသပတေးနေ့ လေ့ကျင့်ခန်းအစီအစဉ်အပြီး ညနေပိုင်းတွင် မိုင်ယာမီသို့ ထွက်ခွာမှာ ဖြစ်ပြီး သောကြာနေ့တွင် ဖလိုရီဒါမှာ လေ့ကျင့်ခန်းဆင်းပါမယ်။
မက္ကဆီကိုနှင့်ပွဲအပြီး အသင်းအောင်ပွဲခံစဉ် လက်ကောက်ဝတ်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဟင်ဒါဆင်က မက္ကဆီကိုစီးတီးရှိ ဆေးရုံတွင် အသင်းဆရာဝန်တစ်ဦးနှင့်အတူ ကျန်ရစ်ခဲ့ပါတယ်။

image