အင်္ဂလန်အား ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် ဘာစီလိုနာဂန္ထဝင်ကို နည်းပြသစ်အဖြစ် ချက်ချင်းခန့်အပ်လာတဲ့ မက္ကဆီကို
=====================

မက္ကဆီကိုဟာ အင်္ဂလန်ကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် ဘာစီလိုနာဂန္ထဝင်တစ်ဦးကို နည်းပြသစ်အဖြစ် ချက်ချင်းခန့်အပ်လာပါတယ်။
ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်ဟာ Estadio Azteca တွင် အင်္ဂလန်ကို ၃-၂ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။
မက္ကဆီကိုတို့ ကမ္ဘာ့ဖလားမှ ထွက်ခွာရမှုနှင့်အတူ နည်းပြဂျာဗီးယားအဂွီရီရဲ့ ကာလမှာလည်း အဆုံးသတ်လာပါတယ်။
အဂွီရီဟာ ကမ္ဘာ့ဖလားအပြီးတွင် မက္ကဆီကိုနည်းပြရာထူးမှ သုံးကြိမ်မြောက် ထွက်ခွာရန် စီစဉ်ထားသူလည်း ဖြစ်ပါတယ်။
မက္ကဆီကိုဟာ ကမ္ဘာ့ဖလားအပြီးတွင် အဂွီရီရဲ့နေရာတွင် လက်ထောက်နည်းပြရာဖေလ်မားကွက်ဇ်ကို ခန့်အပ်ရန် စီစဉ်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ မားကွက်ဇ်ဟာ ကစားသမားဘဝတုန်းက မက္ကဆီကိုအတွက် ၁၄၇ ပွဲကစားခဲ့တဲ့အပြင် ဥရောပထိပ်သီးများဖြစ်ကြတဲ့ မိုနာကို၊ ဘာစီလိုနာတို့တွင်လည်း ကစားခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကစားစဉ်အတွင်း လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
သူဟာ ကမ္ဘာ့ဖလားမတိုင်မီကတည်းက မက္ကဆီကိုနည်းပြချုပ်ရာထူးအား ရယူရန် စောင့်ဆိုင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
မက္ကဆီကိုအားကစားဒါရိုက်တာဒူရယ်လီယိုဒါဗီနိုက မားကွက်ဇ်နှင့် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သလို နည်းပြအဖွဲ့ဝင်များ ခန့်အပ်ရန်လည်း စီစဉ်ထားပြီး ဖြစ်ကြောင်း ဆိုထားပါတယ်။
မားကွက်ဇ်ဟာ ပက်ဂွါဒီယိုလာ၊ ဒီဒီယာဒက်ချမ့်နှင့် ရီကာဒိုလာဗိုလ်ပီတို့ရဲ့လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။

image