စပိန်နှင့် ပွဲမတိုင်မီ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ ခရစ္စတီယာနိုရော်နယ်ဒို အတည်ပြုလာ
=====================
ခရစ္စတီယာနိုရော်နယ်ဒိုက စပိန်နှင့် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ ၂၀၂၆ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ အတည်ပြုလာပါတယ်။
အသက် ၄၁ နှစ်ရှိ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ ၂၀၀၃ ခုနှစ်တွင် ပေါ်တူဂီအတွက် ပထမဆုံးနိုင်ငံတကာပွဲ ကစားခွင့် ရရှိပြီးနောက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားနေတာလည်း ဖြစ်ပါတယ်။
သူဟာ ပေါ်တူဂီအသင်းတွင် အရေးပါတဲ့ ကစားသမားအဖြစ် ဆက်လက်ကစားနေသလို Al-Nassr တွင်လည်း အကောင်းဆုံးခြေစွမ်းပြသနေတုန်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်တွင် အသက် ၄၅ နှစ်ရှိနေမည်ဖြစ်တာကြောင့် လက်ရှိ ကမ္ဘာ့ဖလားက နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်လို့ ဆိုသွားပါတယ်။
စပိန်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုက "ဟုတ်ပါတယ်။ ဒါက နောက်ဆုံးပြိုင်ပွဲပါ။ ပျော်ကြစို့"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝကနေ ဘယ်တော့ အနားယူမလဲလို့ မေးမြန်းလာချိန်မှာတော့ "နားချင်တဲ့ အခါနားမယ်။ မင်းတို့ နားစေချင်တဲ့အချိန်မှာ နားမှာ မဟုတ်ဘူး။ ကစားပဲ နေနေ အရန်ခုံမှာပဲ ထိုင်နေနေ၊ လွှမ်းမိုးက ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ အသက် ၄၁ နှစ်အရွယ်အထိ ပွဲထွက်နေတုန်းလားလို့ လူတွေက မေးခွန်းထုတ်ကြတယ်။ ၂၃ နှစ်တိုင်တိုင် လူတွေ ကျွန်တော့်ကို သတ်ဖို့ ကြိုးပမ်းလာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ အခု သူတို့ အချိန်ဖြုန်းလိုက်မိပြီဆိုတာ သိသွားကြပြီ။ သူတို့ အမုန်းကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဘာမှ မရခဲ့ကြဘူး။ ကျုပ်ကပဲ ဒါကို အသုံးချသွားတယ်"လို့ ပြောကြားသွားပါတယ်။
တဆက်တည်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုက ၎င်းမှာ ယခင်တုန်းကကဲ့သို့ ကစားသမားမျိုး မဟုတ်တော့ကြောင်း ဝန်ခံသွားပေမဲ့ ဂိုးသွင်းနေတုန်း ဖြစ်ကြောင်း ဆိုသွားပါတယ်။
၎င်းက "ကျုပ် ဂိုးမသွင်းနိုင်ရင်တောင် ကစားဖော်တွေ ဂိုးသွင်းလာကြမယ်။ ပြီးရင် နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်တယ်။ စစ်ဆေးရေးက နောက်တစ်ဆင့်သို့ တက်ဖို့ပါ။ ကျုပ် ဂိုးသွင်းဖို့ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်ယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃ ဂိုးသွင်းယူထားပါတယ်။
သူဟာ ပေါ်တူဂီအတွက် ၂၃၂ ပွဲကစားထားရာမှာ ၁၄၆ ဂိုးအထိ သွင်းထားပြီး ယူရို ၂၀၁၆ နှင့် နေးရှင်းဖလား ၂ ကြိမ်ဆွတ်ခူးနိုင်အောင် ကူညီပေးထားပါတယ်။