3 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားပွဲတော်အား ခိုးဝင်ကြည့်ရန် ကြိုးပမ်းစဉ် ခြုံစည်းရိုးတွင် ပိတ်မိနေမှုကြောင့် အမျိုးသမီးတစ်ဦးအား ကရိန်းဖြင့် ကယ်တင်ခဲ့ရ
====================

အမျိုးသမီးတစ်ဦးကို ကမ္ဘာ့ဖလားပရိသတ်ပန်းခြံသို့ ခိုးဝင်ရောက်ရန် ကြိုးပမ်းစဉ် ခြံစည်းရိုးတွင် ပိတ်မိနေမှုကြောင့် ကရိန်းဖြင့် ကယ်တင်ခဲ့ရပါတယ်။
မက္ကဆီကိုပရိသတ်ဟာ ၁၃ ပေကျော်မြင့်မားတယ်လို့ ယူဆရတဲ့ ခြံစည်းရိုးအား ခိုးဝင်ကျော်ဖြတ်စဉ် လမ်းတစ်ဝက်မှာပင် မကျော်ဖြတ်နိုင်တော့ကြောင်း သိရှိခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း သူမရဲ့ သူငယ်ချင်းများက အရေးပေါ်ဝန်ဆောင်မှုကို ဖုန်းခေါ်ဆိုပြီး ကူညီခဲ့ရတာလည်း ဖြစ်ပါတယ်။
အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဓာတ်ပုံများအရ သူမဟာ ခြံစည်းရိုးအား ကျော်ဖြတ်ရန် ကြိုးပမ်းစဉ် လမ်းတစ်ဝက်မှာပင် မွန်တာရေး ပရိသတ်ပန်းခြံသို့ မကျော်သွားနိုင်ခဲ့သလို အောက်သို့လည်း ပြန်ခုန်ဆင်းနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့်လည်း သူမကို ကရိန်းကားဖြင့် ခြံစည်းမှ မကာ ကယ်တင်ခဲ့ရပါတယ်။
သူမဟာ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ခံယပြီးနောက် ထွက်ခွာသွားခဲ့ပါတယ်။
ဒါကြောင့်လည်း မက္ကဆီကိုက အီကွေဒေါအား ၂-၀ ဖြင့် အနိုင်ရခဲ့မှုနှင့်အတူ သူမဟာလည်း အောင်ပွဲခံလာနိုင်ဖို့ရှိပါတယ်။
Fundidora Park တွင် ပရိသတ်များစွာဖြင့် ကမ္ဘာ့ဖလားပါတီပွဲ ကျင်းပနေတာ ဖြစ်ပြီး ပရိသတ်အရေအတွက် ကန့်သတ်ထားမှုနှင့်အတူ ဝင်ပေါက်အားလုံးကို ပိတ်ထားပါတယ်။
ယင်းပရိသတ်ဟာ မက္ကဆီကိုရဲ့ အစိမ်းရောင် အင်္ကျီနှင့် ဘောင်းဘီတိုထားတာလည်း တွေ့ရပါတယ်။ သူမဟာ လက်မှတ်အားလုံး အကုန်ရောင်းချခဲ့ရတဲ့ Fundidora Park ပါတီပွဲကို ခြံစည်းရိုးကျော်ခွဝင်ကာ ခိုးဝင်ကြည့်ရန် ကြိုးပမ်းခဲ့တာပါ။
မက္ကဆီကိုဟာ လာမဲ့ တနင်္လာနေ့မှာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် အင်္ဂလန်နှင့် ရင်ဆိုင်ကစားရပါမယ်။

image