နော်တင်ဟမ်ဖောရက်စ်တွင် ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရ နည်းပြများထဲမှ တစ်ဦးဖြစ်လာတဲ့ အိုလီဗာဂလပ်စ်နာ
=====================

နော်တင်ဟမ်ဖောရက်စ်ဟာ အိုလီဗာဂလပ်စ်နာကို ခန့်အပ်နိုင်ရေးအတွက် တစ်နှစ်လုပ်ခ ပေါင် ၁၃ သန်းအထိ အသုံးပြုလာပါတယ်။
အသက် ၅၁ နှစ်ရှိ ဩစတြီးယားနိုင်ငံသားနည်းပြဟာ City Ground မှ ပေါ်တူဂီလူမျိုးနည်းပြဗစ်တာပီရီရာ ထွက်ခွာသွားပြီးနောက် နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးအတွက် အပြီးသတ်လုပ်ဆောင်နေပါတယ်။
ဖောရက်စ်ဘက်ဟာ အိုလီဗာဂလပ်စ်နာဘက်က ငြင်းဆန်နိုင်ခြင်း မရှိအောင် ကလပ်သမိုင်းတွင် လုပ်ခအများဆုံးရ နည်းပြအဖြစ် မက်လောက်စရာ လုပ်ခပေးလာတာလည်း ဖြစ်ပါတယ်။
ဂလပ်စ်နာဟာ ဖောရက်စ်သမိုင်းတွင် လုပ်ခအများဆုံးရ နည်းပြဖြစ်လာမှာ ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံးရနည်းပြများထဲမှ တစ်ဦးလည်း ဖြစ်လာပါမယ်။
ဂလပ်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်ကို အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်း၊ ကွန်ဖရင့်လိဂ်ဖလားတို့ ရယူပေးကာ ကလပ်သမိုင်းတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပဲလေ့စ်ကို ကွန်ဖရင့်လိဂ်ဖလား ရယူပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာသူလည်း ဖြစ်ပါတယ်။
ဂလပ်စ်နာဟာ ချဲလ်ဆီးနှင့် ယူနိုက်တက်တို့ရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရသလို အေစီမီလန်နှင့်လည်း ဆွေးနွေးမှု ပြုလုပ်ခဲ့သူပါ။
ဒါကြောင့်လည်း နော်တင်ဟမ်ဖောရက်စ်ဟာ ဂလပ်စ်နာဘက်က မငြင်းနိုင်မဲ့ လုပ်ခ အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

ဖောရက်စ်တွင် တစ်နှစ်လုပ်ခပေါင် ၁၃ သန်း ရရှိလာမဲ့ ဂလပ်စ်နာဟာ အာဆင်နယ်နည်းပြမီခေးလ်အာတီတာ(ပေါင် ၁၅ သန်း)ပြီးလျှင် ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရ နည်းပြဖြစ်လာပါမယ်။
သူဟာ ချဲလ်ဆီးနည်းပြသစ်ဇာဘီးအလွန်ဆို(ပေါင် ၁၃ သန်း)၊ မန်စီးတီးနည်းပြသစ်အန်ဇိုမာရက်စ်ကာ(ပေါင် ၁၂ သန်း)၊ စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီ(ပေါင် ၁၂ သန်း)၊ လီဗာပူးနည်းပြသစ်အန်ဒိုနီအိုင်ရာအိုလာ(ပေါင် ၁၀ သန်း)တို့ထက် လုပ်ခပိုမို ရရှိလာပါမယ်။

image