မက္ကဆီကိုရဲ့ ကမ္ဘာ့ဖလားအောင်ပွဲခံမှုတွင် လူ ၃ ဦး သေဆုံး
====================
အင်္ဂါနေ့တုန်းက မက္ကဆီကိုစီးတီး ကမ္ဘာ့ဖလားအောင်ပွဲခံမှုအတွင်း အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၃ ဦး အသက်ရှူကြပ်ကာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၄၄ နှစ်ရှိ အမျိုးသားတစ်ဦးတို့မှာလည်း အီကွေဒေါကို ၂-၀ ဖြင့် အနိုင်ရရှိတဲ့ပွဲအပြီးတွင် လူအုပ်ကြီးအကြား ပိတ်မိနေမှုနှင့်အတူ သေဆုံးသွားခဲ့ပါတယ်။
မက္ကဆီကိုပြည်သူ တစ်သန်းကျော်တို့ဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ပြီးနောက် လမ်းပေါ်ထွက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။
မြို့တော်ဝန်ကလာရာဘရူဂါဒါက သေဆုံးသွားသူများရဲ့ မိသားစုနှင့် ထပ်တူ ဝမ်းနည်းရကြောင်း၊ လာမဲ့ရက်များအတွင်းတွင် အားပေးမှုများ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် ကျန်းမာရေးဌာနကလည်း ပါဆီယိုဒီလာရီဖိုမာဝန်းကျင်အတွင်း ကွဲပြားတဲ့ နေရာသုံးခုတို့တွင် မူးလဲတဲ့ ၃ ဦးအား ကုသမှုများပြုလုပ်ခဲ့ရပြီး ဆေးရုံပို့ခဲ့ရကြောင်း ဆိုထားပါတယ်။
မက္ကဆီကိုဟာ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် ယနေ့ည အင်္ဂလန်နှင့် ဒီကရက်တစ်ကွန်ဂိုပွဲစဉ်မှ အနိုင်ရတဲ့အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။