2 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားမှ တောင်ကိုရီးယား စောစောစီးစီး ထွက်ခွာရမှုအတွက် ဆန်ဟောင်မင်း တောင်းပန်လာ
====================

တောင်ကိုရီးယားအသင်းခေါင်းဆောင်ဆန်ဟောင်မင်းဟာ ကမ္ဘာ့ဖလားမှ တောင်ကိုရီးယားအသင်း စောစောစီးစီး ထွက်ခွာရမှုအတွက် တောင်းပန်လာပြီး ပရိသတ်များအတွက် သေတဲ့အထိ ပြေးသွားမယ်လို့ ဆိုလာပါတယ်။
တောင်ကိုရီးယားဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် အနိုင်ရခဲ့ပေမဲ့လည်း ကျန် အုပ်စု ၂ ပွဲလုံး ရှုံးနိမ့်ကာ အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရပါတယ်။
တောင်ကိုရီးယားဟာ တောင်အာဖရိကနှင့် အုပ်စုနောက်ဆုံးပွဲတွင် သရေကျရုံဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမှာ ဖြစ်ပေမဲ့ ၁-၀ ဖြင့် ရှုံးနိမ့်ကာ လှည့်ပြန်ခဲ့ရတာပါ။
စပါးစ်အသင်းခေါင်းဆောင်ဟောင်းဟာ တောင်အာဖရိကနှင့်ပွဲတွင် ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပြီး ဒုတိယပိုင်းတွင်မှ လူစားဝင်ရောက် ကစားခဲ့ရပါတယ်။
တောင်ကိုရီးယားနည်းပြဟောင်မြန်ဘိုမှာလည်း တနင်္ဂနွေနေ့တုန်းက ရာထူးမှ နုတ်ထွက်ခဲ့သလို သမ္မတအီဂျေမြောင်က အသင်းရဲ့ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။
ယခုအခါ ဆန်ဟောင်မင်းက "ဘယ်က စတင်ရမလဲ မသိတော့ပါဘူး။ ကျွန်တော် ဟန်မဆောင်နိုင်ဘူး။ ပြီးတော့ ကျွန်တော် အမှန်တရားကနေ ရှောင်မပြေးချင်ဘူး။ ပထမဆုံးပြောချင်တာကတော့ ကိုရီးယားပြည်သူအားလုံးနဲ့ဘောလုံးကို ချစ်တဲ့ပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်"လို ပြောကြားသွားပါတယ်။
ဆန်ဟောင်မင်းဟာ တောင်ကိုရီးယားအတွက် ၁၄၇ ပွဲကစားကာ ပွဲအများဆုံးကစားထားသူအဖြစ် ရပ်တည်နေသူ ဖြစ်သလို ကမ္ဘာ့ဖလား ၄ ကြိမ် ကစားထားပါတယ်။
ဆက်လက်ပြီး ဆန်ဟောင်မင်းက "ဒီပြိုင်ပွဲက ကျွန်တော့်အတွက် အရာအားလုံးထက် အရေးပါတဲ့အရာပါ။ ပြီးတော့ ကျွန်တော် အမြဲပြောလာခဲ့တဲ့ ကလေးဘဝအိပ်မက်က ပြိုလဲသွားပါပြီ။ မဖော်ပြနိုင်အောင် စိတ်ထိခိုက်မိတယ်။ အမှန်တရားကို လက်ခံနိုင်ဖို့ ခက်ခဲတယ်။ ဒီအဆင့်အတွက် အများကြီး စွန့်လွှတ်ခဲ့ရတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ၊ အားပေးမှု၊ အချိန်တွေအတွက် ပြန်မပေးဆပ်နိုင်တဲ့ တာဝန်ကြီးရှိတယ်လို့ ခံစားရတယ်။ ကိုရီးယားပြည်သူတွေနဲ့ ဘောလုံးပရိသတ်တွေရဲ့ နှလုံးသားကို ပြန်လည်ရရှိဖို့ ကျွန်တော့်နေရာကနေ အစွမ်းကုန်ကြိုးပမ်းသွားပါမယ်။ ခင်ဗျားတို့ ထပ်ပျော်ရွှင်ဖို့ သေတဲ့အထိ ပြေးသွားမယ်။ ဒီအခြေအနေမှာ ပရိသတ်တွေကို တစ်ခုတောင်းဆိုချင်တာ ရှိတယ်။ ကျွန်တော် တောင်းပန်တယ်။ လှိက်လှိုက်လှဲလဲပြောချင်တာကတော့ ကစားသမားတွေကို နာကျင်အောင် အပြစ်တင်နေတာထက် သတ္တိနဲ့ နွေးထွေးတဲ့အားပေးမှု ထပ်ပေးဖို့ တောင်းဆိုချင်ပါတယ်"လို့ ဆိုသွားပါတယ်။

image