ကမ္ဘာ့ဖလားအပြီးတွင် ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူလာမှာဖြစ်လို့ မန်စီးတီးရဲ့ ရာသီအစပွဲစဉ်များကို ရိုဒရီ လွဲချော်လာမည်
========================

ရိုဒရီဟာ စပိန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အမည်မသိ ဒဏ်ရာတစ်ခုအား ခွဲစိတ်ကုသမှုခံယူလာမည်ဖြစ်ကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ် Ballon d'Or ဆုရှင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအတွက် ၃၃ ပွဲကစားနိုင်ခဲ့ပေမဲ့လည်း ပေါင်ခြံနှင့် တံကောက်ကြောဒဏ်ရာပြဿနာတို့ ကြုံလာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ စပိန်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲ ၃ ခုလုံးအား ပွဲထွက်ကစားကာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ကမ္ဘာ့ဖလားအပြီးတွင် ဒဏ်ရာတစ်ခုကို ခွဲစိတ်ကုသမှု ခံယူလာမှာ ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြလာပါတယ်။ ဒဏ်ရာကိုတော့ လျို့ဝှက်ထားတုန်း ဖြစ်ပါတယ်။
ရိုဒရီအနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် ကာလရှည်ကြာ ပြုလုပ်လာရမှာ မဟုတ်ပေမဲ့လည်း ပြီးခဲ့တဲ့ ၂ ရာသီအတွင်းတွင် ဒူးအရွတ်ဒဏ်ရာအပါအဝင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်လာရတဲ့သူအတွက် အခြေအနေကောင်းတော့ မဟုတ်ပါဘူး။
သူဟာ လာမဲ့နှစ် နွေရာသီတွင် မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးလာမှာ ဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရပါတယ်။
ရိုဒရီဟာ အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့လည်း နောက်ပိုင်းတွင် စပိန်ထိပ်သီးကလပ်ဘက်က သွေးအေးသွားခဲ့ပါတယ်။
ရိုဒရီဟာ ကမ္ဘာ့ဖလားအပြီးတွင် ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူလာရမှာ ဖြစ်ပြီး ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်လာမှာ ဖြစ်သလို နည်းပြအန်ဇိုမာရက်စ်ကာရဲ့ ရာသီအစ ပွဲစဉ်အချို့တို့ကိုလည်း လွဲချော်လာပါမယ်။

image