1 ပတ် - ဘာသာပြန်ပါ။

ပါရာဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ ဂျာမနီဂန္ထဝင်အနားယူလာ
===================

မန်နူရယ်နူအာဟာ ပါရာဂွေးအား ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ ထပ်မံ အနားယူလာပါတယ်။
အသက် ၄၀ နှစ်ရှိ ဘိုင်ယန်မြူးနစ်ဂိုးသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြန်ကစားပေးရန် ဂျာမနီနည်းပြနာဂျယ်မန်းရဲ့ တောင်းဆိုမှုကြောင့် ပြန်လည်ကစားလာသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ မနေ့ညတုန်းက ပါရာဂွေးနှင့် ပွဲတွင် ပွဲအချိန်အတွင်း ၁ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၃ ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာလာရချိန်မှာတော့ ဂျာမနီကစားသမားဘဝမှ ထပ်မံ အနားယူလာပါတယ်။
သူဟာ ပါရာဂွေးနှင့်ပွဲတွင် ဂျာမနီအတွက် ၁၂၈ ပွဲမြောက်ပွဲအား ကစားခဲ့တာ ဖြစ်သလို နောက်ဆုံးကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။
သူဟာ ယခု ၂၀၂၆ ကမ္ဘာ့ဖလား ၄ ပွဲလုံးတွင် ဂိုးပေးခဲ့ရသူလည်း ဖြစ်ပါတယ်။
နာဂျယ်မန်းဟာ ပြီးခဲ့တဲ့ ၂ နှစ်လုံး နံပါတ်တစ်ဂိုးသမားအဖြစ် အသုံးပြုလာတဲ့ အိုလီဗာဘူမန်းကို အရန်ခုံသို့ ပို့ကာ နူအာအား ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုမှုအတွက် ဝေဖန်မှုများလည်း ခံခဲ့ရပါတယ်။

image