ပြင်သစ်သမ္မတ မာခရွန် ဇနီးမောင်နှံက ထိုင်းဘုရင်နှင့် မိသားစုဝင်များအား ပဲရစ်မြို့တွင် ကြိုဆို၊ ထိုင်း-ပြင်သစ် သံတမန်ဆက်ဆံရေး (၁၇၀) ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ခရီးစဉ် စတင်

ပြင်သစ်သမ္မတ အယ်မျူရယ် မာခရွန် နှင့် ဇနီး ဘရီဂျစ် မာခရွန် တို့သည် တနင်္လာနေ့က ပဲရစ်မြို့တွင် ထိုင်းဘုရင် မဟာဝိဇီရာလောင်ကွန်း၊မိဖုရား သုသီတာနှင့် မင်းသမီး သီရိဝဏ္ဏဝရီ နရီရတနာ ရာဇကံရာ တို့ကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ထိုခရီးစဉ်သည် ထိုင်းဘုရင်မင်းမြတ်ဇနီးမောင်နှံ၏ ပြင်သစ်နိုင်ငံတော်အဆင့် ခရီးစဉ်စတင်ခြင်းလည်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်သည် သမ္မတ မာခရွန်၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ပြင်သစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် (၁၇၀) ပြည့်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။

image