နယ်သာလန်တိုက်စစ်မှူးကိုဒီဂတ်ပိုရဲ့ ချစ်သူ ကိုယ်ဝန်ပျက်ကျမှု ဖြစ်ပွား
=====================

လီဗာပူးနှင့်နယ်သာလန်တိုက်စစ်မှူးကိုဒီဂတ်ပိုက မမွေးဖွားရသေးတဲ့ ရင်သွေး ဆုံးရှုံးမှုအတွက် မေးမြန်းစုံစမ်းမှု မပြုလုပ်ကြရန် တောင်းဆိုလာပါတယ်။
ကိုဒီဂတ်ပိုရဲ့ချစ်သူ မော်ဒယ်နိုအာဗန်ဒါဘီက စနေနေ့တုန်းက ဒုတိယရင်သွေး ပျက်ကျသွားခဲ့ကြောင်း ကြေညာလာပါတယ်။ နိုအာဗန်ဒါဘီဟာ ယင်းရင်သွေးကို လာမဲ့ အောက်တိုဘာလတွင် မွေးဖွားရန် လျာထားတာပါ။
ဗန်ဒါဘီဟာ ကိုဒီဂတ်ပိုနှင့် တစ်ယောက်ကို တစ်ယောက် လက်ချင်းတွဲထားတဲ့ ဓာတ်ပုံအား ဆိုရှယ်မီဒီယာတွင် တင်ကာ ယင်းသတင်းကို ကြေညာခဲ့တာပါ။
သူမက "နှလုံးကြေကွဲစွာဖြင့် ကိုယ်ဝန်လွယ်ထားချိန်မှာပဲ ကျွန်မတို့ သားလေး အဝေးထွက်သွားတဲ့အကြောင်း စိတ်မကောင်းစရာသတင်းမျှဝေချင်ပါတယ်။ ရှင်တို့ချစ်ခြင်းနဲ့အားပေးမှုတွေအတွက် ကျေးဇူးပါ။ အီလီဂျာရာဖေးလ်ဂတ်ပို။ ရာသက်ပန်ချစ်နေမယ်။ ငါတို့ရဲ့ရာသက်ပန်သားလေး"လို့ ပို့စ်တင်သွားပါတယ်။
ဒါ့အပြင် သူမဟာ ဖယောင်းတိုင်နှင့် လက်ဝါးကပ်တိုင်ပုံအား တင်ကာ "ဘုရားကျောင်းမှာ ဖယောင်းတိုင် ထွန်းညှိဖို့ သွားခဲ့ကြတယ်။ အုဲဒါပြီးတော့ ဘုရားကျောင်းက ကစားကွင်းမှာ ဆင်မြူရယ်နဲ့ ကစားခဲ့တယ်။ အဲဒီမှာ အခြားကလေးတစ်ဦးလည်း ရှိနေတယ်။ သူ့နာမည်က အီလီဂျာတဲ့။ ဘုရားသခင်ဆီက လှပတဲ့ နမိတ်တစ်ခု မဟုတ်ခဲ့ဘူး။ ကျွန်မတို့ရဲ့ ကလေးလေးအဖြစ် ရာသက်ပန်ရှိနေမှာပါ"လို့ ရေးသားသွားပါသေးတယ်။
တဖက်တွင် နယ်သာလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဂတ်ပိုကလည်း "ကျွန်တော်တို့ မိသားစုအတွက် အင်မတန်ခက်ခဲတဲ့ ကာလ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို သီးသန့်နေခွင့် နေရာလွတ်လေးပေးဖို့ တောင်းဆိုပါတယ်။ နားလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"လို့ ပို့စ်တင်သွားပါတယ်။
အသက် ၂၇ နှစ်ရှိ ဂတ်ပိုဟာ နယ်သာလန်ရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲ ၃ ပွဲလုံး ပွဲထွက်ကစားထားသူ ဖြစ်ပြီး ဆွီဒင်နှင့်ပွဲတွင် ၂ ဂိုးသွင်းကာ ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်အောင် ကူညီထားပါတယ်။
နယ်သာလန်ဟာ လာမဲ့ အင်္ဂါနေ့တွင် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် မက္ကဆီကိုတွင် မော်ရိုကိုနှင့် ရင်ဆိုင်ကစားရပါမယ်။

image