4 ရက် - ဘာသာပြန်ပါ။

အင်္ဂလန်နှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲမတိုင်မီ ပနားမားလေ့ကျင့်ရေးကွင်းတွင် ကစားသမားများ အချင်းများ
====================

ပနားမားကစားသမားများဟာ အင်္ဂလန်နှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်တွင် အချင်းများခဲ့ကြပြီး ကစားဖော်များ ဝင်ရောက် ကြားဝင်ဖြေဖျန်မှု ပြုလုပ်ခဲ့ကြရပါတယ်။
ပနားမားဟာ အင်္ဂလန်နှင့်အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီကတည်းက အုပ်စုအဆင့်မှ ထွက်ခွာရရန် သေချာထားပြီးလည်း ဖြစ်ပါတယ်။
ပနားမားလေ့ကျင့်ရေးကွင်းအတွင်း စီစီလီယိုဝါတားမန်းနှင့် ဟိုဆေးလူးဝစ်ရိုဒရီဂွက်ဇ်တို့ အချင်းများခဲ့ကြတာလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ သဘောထားကွဲလွဲမှု ဖြစ်ပြီးနောက် အပြန်အလှန် တွန်းထိုးမှုများ ပြုလုပ်ဲ့ကြပါတယ်။
ယင်းနောက်မှာတော့ ကစားဖော်များ ဝင်ရောက်လာပြီး ဖြေဖျန်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဝါတားမန်းကတော့‌ ဒေါသထွက်နေဆဲ ဖြစ်ခဲ့ပြီး ရိုဒရီဂွက်ဇ်ကို လက်ညိုးထိုး ပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။
ကစားဖော်များက ဝါတားမန်းကို ဝေးရာသို့ ခေါ်ဆောင်သွားခဲ့ချိန်မှာတော့ ပြဿနာ ပြီးပြတ်သွားပါတယ်။
ပနားမားနည်းပြသောမတ်စ်ခရစ္စတီယန်ဆင်ကတော့ ယခုလို အဖြစ်မျိုး အသင်းအတွင်း ပိုမို မြင်တွေ့လိုကြောင်း ဆိုသွားပါတယ်။
လိဒ်နည်းပြဟောင်းက "ဒါက သာမန်အခြေအနေပါ။ လေ့ကျင့်ရေးအစီအစဉ်မှာ ဒါမျိုး ပိုမြင်ချင်တယ်။ ဒါက အသင်းက ရှင်သန်နေတယ်။ ကစားသမားတွေ ပွဲထွက်ကစားသမား ၁၁ ဦးနေရာအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာ ပြသရာ ရောက်တယ်။ သူတို့ ရှင်သန်နေတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတစ်ခု မဟုတ်ပါလား"လို့ ပြောကြားသွားပါတယ်။
ပနားမားဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ ၂ ပွဲတွင် ဂါနာနှင့် ခရိုအေးရှားတို့ကို ၁-၀ ဂိုးတို့ဖြင့် ရှုံးနိမ့်ထားပါတယ်။

image