1 ပတ် - ဘာသာပြန်ပါ။

ဂျာမနီစတားအန်မီချာကို ခေါ်ယူရေး ယူနိုက်တက် ဆွေးနွေးမှုများ ပြုလုပ်နေ
==================

မန်ချက်စတာယူနိုက်တက်ဟာ ဒေါ့မွန်အလယ်တန်းကစားသမားဖီးလစ်အန်မီချာကို ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ယူနိုက်တက်ဟာ လီဗာပူး၊ မန်စီးတီးတို့ထက် လက်ဦးမှု ရယူကာ အသက် ၂၅ နှစ်ရှိ အန်မီချာကို ခေါ်ယူရေး ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ အန်မီချာဟာ အလယ်တန်းတွင် စွယ်စုံကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစမ်းပြကစားနိုင်ပြီးနောက် ပရီးမီးယားလိဂ်ထိပ်သီးများရဲ့ စိတ်ဝင်စားခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ကင်းထောက်ချုပ် ဂျာမန်လူမျိုးခရစ္စတိုဖာဗီဗီးလ်မှာ အသက် ၂၅ နှစ်ရှိ ကစားသမားရဲ့ အေးဂျင့်များနှင့် အနီးကပ် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Sky Sports ရဲ့ဖော်ပြမှုအရ သိရပါတယ်။
တဖက်တွင် လီဗာပူးနှင့် မန်စီးတီးတို့ကလည်း အန်မီချာကို ခေါ်ယူရေး စိတ်ဝင်စားနေသလို ရီးရဲလ်မက်ဒရစ်နည်းပြဂျိုဆေးမော်ရင်ဟိုကလည်း ကစားသမားရဲ့ အခြေအနေအား စောင့်ကြည့်နေပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်အနေဖြင့် အန်မီချာကို ခေါ်ယူရေး အပြင်းအထန် ကြိုးပမ်းလာရမှာ ဖြစ်ပေမဲ့ ဦးဦးဖျားဖျား ဆွေးနွေးမှု ပြုလုပ်နိုင်မှုနှင့်အတူ အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။
တဖက်တွင် ဒေါ့မွန်ဟာ အန်မီချာကို ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားမှုနှင့်အတူ ကစားသမားအား အသင်းတွင် ထိန်းထားရေး အကောင်းဆုံးလုပ်ပိုင်ခွင့် ရှိနေပါတယ်။ ဒေါ့မွန်ဟာ အန်မီချာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ အထိ တောင်းဆိုလာဖို့ ရှိနေကြောင်း သတင်းထွက်ထားပါတယ်။
တကယ်လို့ ယင်းပမာဏအထိသာ တောင်းဆိုလာမည်ဆိုပါက ယူနိုက်တက်တို့ လက်ရှောင်လာဖို့ ရှိနေပါတယ်။
အန်မီချာဟာ ဂျာမနီရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲတွင် ၁ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ သူဟာ ကိုယ်တိုင်ဂိုးသွင်းနိုင်သလို ဖန်တီးမှုအားကောင်းခြင်း၊ နည်းစနစ်ပိုင်း ပိုင်နိုင်သလို ခန္ဓာကိုယ်အားပြုကစားနိုင်ခြင်းတို့ကြောင့် မော်ဒန်အလယ်တန်းကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

image