ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အသက် ၃၀ နှစ် အရွယ်တွင်ပင်လက်ရွေးစင်ကစားသမားဘဝမှ အနားယူလာတဲ့ ချက်တိုက်စစ်မှူး
====================

ပက်ထရစ်ရှစ်ခ်ဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ချက်အသင်း ထွက်ခွာလာခဲ့ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာပါတယ်။
အသက် ၃၀ နှစ်ရှိ လေဗာကူဆင်တိုက်စစ်မှူးနှင့် ချက်အသင်းဟာ ပူးတွဲအိမ်ရှင် မက္ကဆီကိုအား ၃-၀ ဖြင့် အရေးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာရပြီးနောက် ချက်အတွက် ၅၆ ပွဲကစားထားတဲ့ ရှစ်ခ်က လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာပါတယ်။
ပက်ထရစ်ရှစ်ခ်က "ဒီကနေ့မှာ ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားဘဝ စာမျက်နှာ ပြည်ဖုံးကာချလာပါပြီ။ အလွယ်တကူ တစ်ညတည်းနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဟိးအရင်ကတည်းက အလေးအနက်ထား စဉ်းစားလာခဲ့တာပါ။ ကာလရှည်စဉ်းစားလာတာပါ။ ခံစားချက်တွေ၊ ပျော်စရာတွေ၊ စိတ်ပျက်စရာတွေ၊ ပျော်စရာတွေ၊ ခက်ခဲတဲ့အခိုက်အတန့်တွေနဲ့ ကြုံခဲ့ရတဲ့ ခရီးပါ။ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးပေးဆပ်ဖို့ ကြိုးစားခဲ့သလို နိုင်ငံအတွက် အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပါတယ်"လို့ ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက လေဗာကူဆင်အတွက် ၂၂ ဂိုးသွင်းခဲ့တဲ့ ပက်ထရစ်ရှစ်ခ်ဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရမှုအတွက် အသင်းကိုလည်း ဝေဖန်အပြစ်တင်မှု ပြုလုပ်သွားပါသေးတယ်။
ပက်ထရစ်ရှစ်ခ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းက စကော့တလန်နှင့်ပွဲတွင် ကွင်းလယ်တစ်ဝက်ခန့်မှ သွင်းယူတဲ့ ဂိုးဖြင့် အကောင်းဆုံးဂိုးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

image