ဖီနာဘာချီသို့ ပြောင်းရွှေ့ရန် မေဆင်ဂရင်းဝုဒ် သဘောတူညီမှုရရှိလာ
====================

မာဆေးတိုက်စစ်သမားမေဆင်ဂရင်းဝုဒ်ဟာ တူရကီထိပ်သီးကလပ် ဖီနာဘာချီသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ကလပ်နှစ်ခုအကြားတွင် မေဆင်ဂရင်းဝုဒ်ရဲ့ပြောင်းရွှေ့ကြေးနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိရန် ခက်ခဲနေဆဲ ဖြစ်ပြီး လီဂူး ၁ ထိပ်သီးကလပ်ဘက်က အသက် ၂၄ နှစ်ရှိ ယူနိုက်တက်စတားဟောင်းကို လျှော့ဈေးဖြင့် ရောင်းချရန် ငြင်းဆိုနေပါတယ်။
ဖီနာဘာချီရဲ့ အသစ်ခန့်အပ်ခြင်းခံလာရတဲ့ ဘုတ်အဖွဲ့အသစ်ဟာ ဂရင်းဝုဒ်ကို ခေါ်ယူရေး လုပ်ခနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိလာတာပါ။
ဒါပေမဲ့ တူရကီထိပ်သီးကလပ်ဟာ ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ အပြင် အပိုဆုကြေး ထပ်မံပေးမဲ့အချက်ဖြင့်သာ ကမ်းလှမ်းရန် စီစဉ်လာမှုက မာဆေးအတွက် စိတ်ပျက်စရာ ဖြစ်နေပါတယ်။
မာဆေးဟာ ဘဏ္ဍာရေးပြဿနာရှိနေပြီး နွေရာသီတွင် ကစားသမားအချို့ကို ရောင်းချလာရမှာ ဖြစ်ပေမဲ့လည်း ဂရင်းဝုဒ်ကိုမူ လျှော့ဈေးဖြင့် ရောင်းချရန် အစီအစဉ်မရှိပါဘူး။
တကယ်တော့ ဂရင်းဝုဒ်ကို ခေါ်ယူရေး ကြိုးပမ်းနေတာ ဖီနာဘာချီတစ်သင်းတည်းသာ မဟုတ်ပါဘူး။ ရိုးမား၊ အက်သလက်တီကို၊ Al-Hilal အပါအဝင် ကလပ်တို့ကလည်း ဂရင်းဝုဒ်ကို ခေါ်ယူရေး စိတ်ဝင်စားနေကြတာပါ။
မာဆေးဟာ ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၂ သန်းမှ ၅၅ သန်းအတွင်း ရရှိရန် မျှော်မှန်းထားပါတယ်။
ဂရင်းဝုဒ်ဟာ မာဆေးအတွက် နှစ်ရာသီကစားစဉ်အတွင်း ၈၁ ပွဲတွင် ၄၈ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

image