အပူချိန်မြင့်မားမှုကြောင့် ရေကူးရာမှ ပြင်သစ်တလွှား ရေနစ်နေသူ ၄၀ ဦးအထဲတွင် လီဂူး ၂ ကစားသမားတစ်ဦးလည်း ပါဝင်နေ
====================

ပြင်သစ်ဘောလုံးသမားကန်ဇိုကီးဟာ ရုန်းမြစ်တွင် ရေကူးစဉ် ရေနစ်သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၁ နှစ်ရှိ ကီးဟာ လီဂူး ၂ ကလပ် ဂူအန်ဂမ့်တွင် ကစားနေသူ ဖြစ်ပြီး တနင်္လာနေ့တုန်းက မီးသတ်တပ်ဖွဲ့ဝင်များက စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြင့် ရေထဲမှ ကယ်တင်ခံခဲ့ရပေမဲ့လည်း နောက်ပိုင်းတွင် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
ကီးနှင့် သူငယ်ချင်း ၃ ဦးတို့ဟာ အပြင်သစ်တလွှား အပူချိန် 40 C အထိ မြင့်တက်နေမှုနှင့်အတူ အပူရှောင်ရန်အတွက် လိုင်ယွန်မြို့အနီး မြစ်သို့ သွားရောက်ကာ ရေကူးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကျန် ၃ ဦးကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ပေမဲ့လည်း ကီးကိုမူ နောက်ပိုင်းတွင်မှ တွေ့ရှိခဲ့ရပါတယ်။
ယခုအပတ် ပြင်သစ်တလွှားတွင် အပူချိန်မြင့်တက်မှုကြောင့် အပူရှောင်ရင်း ရေကူးရာမှ ရေနစ်သေဆုံးသူ လူ ၄၀ ဦးအထိ ရှိခဲ့ပါတယ်။
ကီးဟာ လိုင်ယွန်နှင့် စိန့်အက်တီယန်အကယ်ဒမီတို့တွင် ကစားပြီးနောက် ပြီးခဲ့တဲ့နှစ်တုန်းက ဂအန်ဂမ့်သို့ ပြောင်းခဲ့ကာ အရန်အသင်းတွင် ကစားခဲ့ပါတယ်။
စိ့န့်အက်တီယန်ဟာ လာမဲ့ရာသီအစ ပွဲစဉ်တွင် Geoffroy-Guichard Stadium တွင် ကီးအတွက် အမှတ်တရအခမ်းအနား ပြုလုပ်ပေးသွားပါမယ်။

image