မန်စီးတီးပစ်မှတ်ထားနေတဲ့ ဂပ်စ်တိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း သတ်မှတ်လာတဲ့ ချဲလ်ဆီး
======================

ချဲလ်ဆီးဟာ မန်စီးတီးပစ်မှတ်ထားနေတဲ့ မယ်လိုဂပ်စ်တိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း သတ်မှတ်လာပါတယ်။
အသက် ၂၃ နှစ်ရှိ ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာ ယခုနွေရာသီတွင် အသင်းကို အပြောင်းအလဲများစွာ ပြုလုပ်လာမဲ့ နည်းပြသစ်အလွန်ဆိုကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာလာဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အတ္တလန္တာတောင်ပံခံစစ်သမားမာကိုပါလက်စထရီကို ပေါင် ၄၃ သန်းဖြင့် ခေါ်ယူရေး သဘောတူညီမှု ရရှိလာမှုနှင့်အတူ ဂပ်စ်တိုအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာရေး အလေးအနက်ထား စဉ်းစားလာရပါတယ်။
ဂပ်စ်တိုဟာ ၂၀၂၃ ခုနှစ်တွင် လိုင်ယွန်မှ ပေါင် ၂၆.၃ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပြီး ချဲလ်ဆီးအတွက် ၁၃၄ ပွဲကစားထားပါတယ်။
မန်စီးတီးဟာ ချဲလ်ဆီးနည်းပြဟောင်းအန်ဇိုမာရက်စ်ကာအား နစ်နာကြေး ပေါင် ၁၇ သန်းအထိ ပေးကာ ခန့်အပ်ရေး အပြီးသတ်လုနီးပါးအနေအထားသို့ ရောက်နေပါတယ်။
အီတလီလူမျိုးနည်းပြဟာ ဂပ်စ်တိုကို အီတီဟတ်ကို ခေါ်ယူလိုနေသလို အန်ဇိုဖာနန်ဒက်ဇ်ကိုလည်း ရီးရဲလ်မက်ဒရစ်နှင့်အပြိုင် ကမ်းလှမ်းရန် စီစဉ်နေပါတယ်။
ဒါပေမဲ့ မန်စီးတီးဘက်ကတော့ ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကစားနေတဲ့ ဂပ်စ်တိုအတွက် ချဲလ်ဆီးဘက်က တောင်းဆိုတဲ့ ပေါင် ၇၅ သန်းအထိ ပေးရန် အစီအစဉ်မရှိပါဘူး။
ချဲလ်ဆီးဟာ ဘယ်နောက်ခံလူမာ့ခ်ကူကူရယ်လာကို ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၅၂ သန်းဖြင့် ရောင်းချထားပြီး ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ နွေရာသီတွင် ဗဟိုနောက်ခံလူတစ်ဦး အားဖြည့်ရေး ရှာဖွေနေပြီး ပဲလေ့စ်နောက်ခံလူမာဆင့်လာခရော့စ်အား ပစ်မှတ်ထားနေပါတယ်။

image