7 ရက် - ဘာသာပြန်ပါ။

ဖူလ်ဟမ်တိုက်စစ်သမားဝီလ်ဆင်ကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် လိဒ် သဘောတူညီမှုရရှိ
=====================

လိဒ်ဟာ ဖူလ်ဟမ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာခဲ့တဲ့ တိုက်စစ်သမားဟယ်ရီဝီလ်ဆင်ကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ ဝေးလ်လက်ရွေးစင်ကစားသမားဟာ လာမဲ့အပတ်တွင် ဖူလ်ဟမ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး လာမဲ့ ရက်များအတွင်းတွင် ဆေးစစ်ဆေးမှု၊ စာချုပ်ပါအချက်အလက်များအား အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်ကာ အပြောင်းအရွှေ့အား အပြီးသတ်လာပါမယ်။
လိဒ်ဟာ ဝီလ်ဆင်ကို ခေါ်ယူရေး ကာလရှည်ကြာ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တုန်းကလည်း ခေါ်ယူရေး အစွမ်းကုန်ကြိုးပမ်းခဲ့ဖူးပါတယ်။
ဝီလ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖူလ်ဟမ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၈ ပွဲကစားခဲ့ရာမှာ ၁၁ ဂိုးသွင်းယူပြီး ၈ ကြိမ်ဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဝီလ်ဆင်ဟာ ၂၀၂၁ ခုနှစ်တွင် လီဗာပူးမှ ဖူလ်ဟမ်သို့ ပေါင် ၁၂ သန်းဖြင့် ပြောင်းလာခဲ့သူဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ နည်းပြမာကိုဆေးလ်ဗားထွက်ခွာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းအယ်ဗာရိုအာဘီလိုအာအား ခန့်အပ်‌ရေး ဆွေးနွေးနေပြီး အပြီးသတ်လုနီးပါး အခြေအနေသို့ ရောက်နေပါတယ်။
တဖက်တွင် လိဒ်ဟာ ဒေါ့မွန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာခဲ့တဲ့ အလယ်တန်းကစားသမားဂျူလီယန်ဘရန့်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရေး ဆွေးနွေးနေသလို ဆောက်သမ်တန်ရဲ့ရှီယာချားလ်ကိုလည်း ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

image