3 ရက် - ဘာသာပြန်ပါ။

ဘန်လေနည်းပြရာထူးအား ရယူရေး နီးစပ်လာတဲ့ ဘယ်လာမီ
=====================

ဝေးလ်နည်းပြခရစ်ဘယ်လာမီဟာ ဘန်လေအသင်းအား ကိုင်တွယ်ရေး ဆွေးနွေးမှု အခြေအနေကောင်းမွန်နေပါတယ်။
ဝေးလ်ဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတွင် လမ်းခွဲလိုက်တဲ့ စကော့ပါကားရဲ့ နေရာတွင် နည်းပြသစ်ခန့်အပ်ရေး ရှာဖွေနေပြီး ဘယ်လာမီအား အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
ဘန်လေဟာ ဘယ်လာမီကို ခန့်အပ်ရေး ဝေးလ်ဘောလုံးအဖွဲ့ချုပ်ကို တိုက်ရိုက်ဆက်သွယ် လှုပ်ရှားနေပြီး ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းတွင် တိုးတက်မှုများစွာ ရှိနေပါတယ်။
ဘယ်လာမီဟာ ဝေးလ်အသင်းကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမဲ့ ယူရို ၂၀၂၈ ပြိုင်ပွဲအထိ ဝေးလ်ကို ကိုင်တွယ်လိုခဲ့ပေမဲ့လည်း နောက်ပိုင်းတွင် ဘန်လေရဲ့ အလေးအနက်ထား ဆက်သွယ်ခြင်းခံလာရမှုနှင့်အတူ ထွက်ခွာကာ ဘန်လေအား ကိုင်တွယ်ရေး စိတ်အားထက်သန်နေပါတယ်။
မန်စီးတီး၊ လီဗာပူးနှင့် ဝက်စ်ဟမ်းတိုက်စစ်သမားဟောင်းဟာ ၂၀၂၄ ခုနှစ်တွင် ဝေးလ်အသင်းကို ကိုင်တွယ်ပြီးနောက် ၂၀၂၆ ကမ္ဘာဖ့လားခြေစစ်ပွဲပလေးအော့ဖ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဘယ်လာမီရဲ့ လက်ရှိစာချုပ်က ဝေးလ်၊ အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမဲ့ ယူရို ၂၀၂၈ ခုနှစ်အထိ ဖြစ်ပါတယ်။
ဘယ်လာမီဟာ ယခင်တုန်းက ဘန်လေတွင် ဗင်းဆင့်ကွန်ပနီလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

image