ဂါနာနှင့်ပွဲမတိုင်မီ ဗလက္ကာယမှုများဖြင့် အမှုရင်ဆိုင်နေရတဲ့ ပါတေးကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခဲ့တဲ့ ဂျေးစပန့်စ်
==================

အင်္ဂလန်နောက်တန်းအစွန်လူဂျေးစပိန့်စ်ဟာ အင်္ဂလန်ရဲ့ ဂါနာနှင့် ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်မတိုင်မီ သောမတ်စ်ပါတေးအား လက်ဆွဲနှုတ်ဆက်ရန် ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
အသက် ၃၃ နှစ်ရှိ အာဆင်နယ်အလယ်တန်းကစားသမားဟောင်းဟာ ဗြိတိန်တွင် ဗလက္ကာယမှု ၇ မှု၊ လိင်အကြမ်းဖက်မှု ၁ မှုတို့ဖြင့် အမှုရင်ဆိုင်နေရသူ ဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်မီ လက်ဆွဲနှုတ်ဆက်မှု အစီအစဉ်တွင် စပါးစ်နောက်ခံလူရဲ့ လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခြင်းခံခဲ့ရပါတယ်။
ပါတေးဟာ ဗြိတိန်တွင် အမျိုးသမီး ၄ ဦးကို အတင်းအဓမ္မပြုကျင့်မှု ၇ မှု၊ လိင်အကြမ်းဖက်မှု ၁ မှုတို့ဖြင့် အမှုရင်ဆိုင်နေခဲ့ရသူ ဖြစ်ပြီး ယင်းပြစ်မှုများကြောင့် ကနေဒါပြည်ဝင်ခွင့်ဗီဇာငြင်းပယ်ခြင်းခံခဲ့ရကာ ပနားမားနှင့်ပွဲကို လွဲချော်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အမေရိကန်ပြည်ဝင်ခွင့်ရထားမှုနှင့်အတူ အင်္ဂလန်နှင့်ပွဲစဉ်မှာတော့ ပါဝင်ကစားနိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ စပန့်စ်ဟာ ပွဲစမတင်မီ လက်ဆွဲနှတ်ဆက်မှုအစီအစဉ်မှာ အခြားဂါနာကစားသမားများနှင့် လက်ဆွဲနှုတ်ဆက်ခဲ့ပေမဲ့လည်း ပါတေးကိုတော့ လက်ဆွဲမနှုတ်ဆက်ခဲ့ပါဘူး။
ဂါနာလက်ရွေးစင်ပါတေးဟာ ပြီးခဲ့နှစ် ဇူလိုင်လတုန်းက ဗလက္ကာယမှု ၅ မှု၊ လိင်အကြမ်းဖက်မှု ၁ မှုဖြင့် အမှုဖွင့်ခြင်းခံခဲ့ရပြီး ဖေဖော်ဝါရီလမှာတော့ နောက်ထပ် ဗလက္ကာယမှု ၂ မှု ထပ်မံ တိုးမြှင့်ခြင်းခံခဲ့ရပါတယ်။
သူက အမှုအားလုံးကို ကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး လာမဲ့နှစ်တွင် အမှုရင်ဆိုင်ရပါဦးမယ်။

image