မိုးကောင်းမြို့မှ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုအား စားသောက်ကုန်များထောက်ပံ့
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်းရေနှင့် နန့်ယင်းချောင်းရေတို့မြင့်တက်ကာ ဇွန် ၂၁ ရက်မှစတင်၍ မိုးကောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ရေ ဘေးသင့်အိမ်ထောင်စုများအနက် မဖြစ်မနေရွှေ့ ပြောင်းရန်လိုအပ်သော အိမ်ထောင်စု(၃၂)စုကို မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင်ဖွင့်လှစ်ထားသည့် ယာယီရေကေယ်ဆယ်ရေးစခန်းများသို့ရွေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုကို ကချင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဇွန် ၂၃ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်(၂၅)အိတ်၊ ဆီ(၁၀)ပိသာ၊ ကြက်ဥ(၁၀၀၀)လုံးနှင့် ခေါက်ဆွဲခြောက် (၁၀)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချောင်းရေများမြင့်တက်ခဲ့မှုကြောင့် နေအိမ်များအ တွင်းသို့ရေဝင်ရောက်ခြင်းအပြင် ထိုပူး၊ ကြာအင်း၊ လွဲလော၊ ရွာသစ်ရပ်ကွက်၊ ကျွန်းတောရပ်ကွက်အတွင်းမှ တောင်သူ(၃၀၀)ကျော်၏ လယ်ဧက(၂၀၀၀)ကျော်ရေ နစ်မြုပ်ပျ-က်စီးခဲ့ကြောင်း သိရသည်။