1 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်-မော်လမြိုင် DEMU ရထား အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများ ထုတ်ပြန်
လက်မှတ်များကို ORTP စနစ်ဖြင့် ၇ ရက်ကြိုတင် ဝယ်ယူနိုင်မည်

ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်၏ အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများကို ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ DEMU ရထားခရီးစဉ်အတွက် ပထမတန်း လက်မှတ်ခမှာ ၁၆,၀၀၀ ကျပ်ဖြစ်ပြီး အထက်တန်း လက်မှတ်ခမှာ ၂၂,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
ထို့အပြင် Air Bag/AAR လူစီးအမြန်ရထားခရီးစဉ်များအတွက် ရိုးရိုးတန်း လက်မှတ်ခကို ၇,၀၀၀ ကျပ်နှင့် ၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး အထက်တန်း လက်မှတ်ခကို ၁၂,၀၀၀ ကျပ်နှင့် ၁၃,၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
ရထားလက်မှတ်များကို Online Railways Ticketing and Payment System (ORTP) မှတစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ခရီးစဉ်မတိုင်မီ ၇ ရက်ကြိုတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ORTP စနစ်သည် လက်ရှိတွင် ရန်ကုန်-မန္တလေး-ရန်ကုန်နှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU ရထားခရီးစဉ်များ၏ လက်မှတ်များကိုလည်း အွန်လိုင်းမှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲမှု စတင်ခြင်းသည် ရန်ကုန်နှင့် မွန်ပြည်နယ်အကြား ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူမြန်ဆန်စေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

image