SMILE ဂြိုဟ်တုက တရုတ်နိုင်ငံရဲ့ အာကာသသိပ္ပံဖွံ့ဖြိုးတိုးတက်မှုမှာ အခန်းကဏ္ဍသစ်တစ်ခု ဖွင့်လှစ်

တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်တဲ့ SMILE ဂြိုဟ်တုဟာ တရုတ်နဲ့ ဥရောပတို့ ပူးပေါင်းလုပ်ဆောင်တဲ့ အာကာသစီမံကိန်းတစ်ခုဖြစ်ပြီး သတ်မှတ်ထားတဲ့ ပတ်လမ်းထဲကို အောင်အောင်မြင်မြင် ရောက်ရှိသွားပါပြီ။ ဒီစီမံကိန်းဟာ နေနဲ့ ကမ္ဘာကြားက ဆက်နွှယ်မှုတွေကို လေ့လာတဲ့နေရာမှာ အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံးအနေနဲ့ ဆန်းသစ်တဲ့ "Soft X-ray imaging" နည်းပညာကို သုံးပြီး ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့ မြင်ကွင်းကျယ်ပုံရိပ်တွေကို ရိုက်ကူးသွားမှာပါ။
တရုတ်သိပ္ပံအကယ်ဒမီ(CAS) ရဲ့ အာကာသသိပ္ပံဆိုင်ရာ မဟာဗျူဟာမြောက် ရှေ့ဆောင်အစီအစဉ် (ဒုတိယအဆင့်) ရဲ့ နောက်ဆုံးစီမံကိန်းဖြစ်တဲ့ ဒီ SMILE ဂြိုဟ်တုဟာ တရုတ်နိုင်ငံရဲ့ အာကာသလေ့လာရေးမှာ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒါတင်မကဘဲ အရင်ကလို တစ်ခုချင်းစီ သီးခြားအောင်မြင်မှုတွေ ရယူခဲ့ရာကနေ အခုဆို ဂြိုဟ်တုအုပ်စုတွေနဲ့ စနစ်တကျ လုပ်ဆောင်နိုင်တဲ့ အဆင့်ကို ကူးပြောင်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အာကာသသိပ္ပံဆိုတာဟာ အာကာသနက်နက်ရှိုင်းရှိုင်းကို စူးစမ်းလေ့လာတဲ့နေရာမှာ အဓိကကျပြီး နိုင်ငံတစ်ခုရဲ့ သိပ္ပံနဲ့ နည်းပညာအင်အားကို တိုင်းတာတဲ့ စံနှုန်းတစ်ခုလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ တရုတ်နိုင်ငံရဲ့ အာကာသသိပ္ပံဟာ အခြေခံသိပ်မခိုင်မာသေးဘဲ ကိုယ်ပိုင်တီထွင်ထားတဲ့ အဆင့်မြင့်ဂြိုဟ်တုတွေနဲ့ ကိုယ်ပိုင်အချက်အလက်တွေ မရှိခဲ့ပါဘူး။ သုတေသနလုပ်ဖို့အတွက် လူတိုင်းသုံးနိုင်အောင် ချန်လှပ်ပေးထားတဲ့ နိုင်ငံခြားက အချက်အလက်တွေအပေါ်မှာပဲ အဓိကအားကိုးခဲ့ရလို့ အဆင့်မြင့်သုတေသနတွေလုပ်ဖို့ အကန့်အသတ်တွေ အများကြီးရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၁ ခုနှစ်ကစလို့ နိုင်ငံတော်အဆင့် အာကာသဂြိုဟ်တုစီမံကိန်းကို စနစ်တကျ စတင်ခဲ့ပြီး နောက်ပိုင်း ၁၀ စုနှစ်အတွင်းမှာ အပြင်းအထန် ကြိုးပမ်းခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ အမည်းရောင်ဒြပ်ပစ္စည်း(Dark Matter) ရှာဖွေရေးဂြိုဟ်တု DAMPE၊ ကမ္ဘာ့ပထမဆုံး ကွမ်တမ်သိပ္ပံဂြိုဟ်တု Micius၊ X-ray နက္ခတ္တဗေဒဂြိုဟ်တု Insight-HXMT နဲ့ နိုင်ငံရဲ့ ပထမဆုံး ဘက်စုံသုံး နေလေ့လာရေးဂြိုဟ်တု ASO-S စတဲ့ အထူးပြုဂြိုဟ်တုတွေကို တစ်ပြုံတစ်ခေါင်းတည်း အောင်အောင်မြင်မြင် တီထွင်လွှတ်တင်နိုင်ခဲ့ပြီး နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကြီးတွေ ရခဲ့ပါတယ်။
DAMPE ဂြိုဟ်တုဟာ စကြာဝဠာကြီး ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် Dark Matter ကို ရှာဖွေရင်း စွမ်းအင်မြင့် စကြာဝဠာအမှုန်အမွှားတွေကို နှစ်ပတ်လည် စောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်။
Micius ဂြိုဟ်တုကတော့ ကီလိုမီတာ ၁၀၀၀ ကျော်အကွာအဝေးရှိတဲ့ အာကာသနဲ့ မြေပြင်ကြား ကွမ်တမ်ဆက်သွယ်ရေးကို ကမ္ဘာမှာ ပထမဆုံးအကြိမ် လုပ်ဆောင်နိုင်ခဲ့လို့ တရုတ်နိုင်ငံကို ကွမ်တမ်နည်းပညာသုံး အာကာသကဏ္ဍမှာ ထိပ်တန်းနေရာကို ပို့ဆောင်ပေးခဲ့ပါတယ်။

image