4 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း စားသောက်ရန်အတွက် ငါးနှင့် ချီးစ် ၄၀၀ ကီလိုဂရမ်အထိ မိခင်နိုင်ငံမှ မှာယူစားသောက်လာတဲ့ အာလင်းဟာလန်းရဲ့ နော်ဝေ
=====================

နော်ဝေဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်အစားအသောက်များအား အားကိုးရမဲ့အခြေအနေမှ ရှောင်လွဲနိုင်ရန်အတွက် အမေရိကန်ကမ္ဘာ့ဖလားအခြေစိုက်စခန်းသို့ ငါးနှင့် ချီးစ် ၄၀၀ ကီလိုအထိ တင်သွင်းထားပါတယ်။
အာလင်းဟာလန်းနှင့် နော်ဝေအသင်းသားတို့ဟာ ယခုအပတ်အစောပိုင်းတုန်းက ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် အီရတ်ကို ၄-၁ ဖြင့် အနိုင်ရရှိကာ ပြီးပြည့်စုံတဲ့ တာထွက် ရရှိထားပြီး ကမ္ဘာ့ဖလားရှုံးထွက်အဆင့်များသို့အထိ တက်ရောက်လာမယ်လို့ ယုံကြည်ရပါတယ်။
နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်အတွင်း နော်ဝေဒေသတွင်းအစားအစာများကို ကစားသမားများ စားသောက်နိုင်ရေးအတွက် နောက်ကွယ်မှ လုပ်ဆောင်ပေးထားပါတယ်။
နော်ဝေသတင်းစာ News18 ရဲ့ ဖော်ပြလာမှုအရ နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ ကစားသမားများအတွက် အတ္တလန္န်တိတ်ထွက် ဆော်လမွန်နှင့် ငါးဖြူ ၃၀၀ ကီလိုကျော်နှင့် ဒေသထွက် ချီးစ် ၁၁၆ ကီလိုကျော် အမေရိကန်သို့ တင်ပို့ထားကြောင်း သိရပါတယ်။
ဒါ့အပြင် နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ လိမ္မော်သီး အလုံး ၆၀၀၀ တို့ကိုလည်း တင်ပို့ထားပါသေးတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်တွင် နေထိုင်နေစဉ်အတွင်း နော်ဝေအသင်းသားများ စားသောက်ရန် အတွေ့အကြုံရင် နာမည်ကျော်စားဖိုမှူးအေရွန်အက်စ်ပီလန်း ဦးဆောင်တဲ့ အဖွဲ့က ချက်ပြုတ်ပေးနေတာပါ။
ဝါရင့်စားဖိုမှူးဟာ နော်ဝေလက်ရွေးစင်အသင်းအတွက် ၃၅ နှစ်တိုင်တိုင် စားဖိုမှူးအဖြစ် အလုပ်လုပ်လာသူလည်း ဖြစ်ပါတယ်။
နော်ဝေအသင်းသားတို့ကို တစ်ရက်လျှင် ၅ ကြိမ်နှုန်းဖြင့် ကျွေးမွေးနေတာ ဖြစ်ပါတယ်။ ယင်းမှ ၄ ကြိမ်ကို အပေါ့စားကျွေးမွေးတာ ဖြစ်ပြီး ၁ ကြိမ်မှာ အိမ်မှာ စားသောက်သကဲ့သို့ ကျွေးမွေးနေတာပါ။
ယင်းသို့ ၅ ကြိမ်ကျွေးမွေးမှုကြောင့် ကစားသမားများအနေဖြင့် အစာအိမ်နှင့် အစာချေမှုစနစ်တို့အတွက် ကောင်းမွန်စေပြီး အစာအိမ်ပြဿနာကြုံရမှု နည်းပါးလာစေပါတယ်။
နော်ဝေအသင်းဟာ တနင်္လာနေ့တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဆီနီဂေါနှင့် ရင်ဆိုင်ကစားရပါမယ်။

image