4 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားကြော်ငြာရိုက်ကူးမှုများမှ ပေါင် ၁၉ သန်းရရှိကာ စစ်မှန်တဲ့ ကမ္ဘာ့ဖလားအောင်နိုင်သူ ဖြစ်လာတဲ့ ဒေးဗစ်ဘက်ဟမ်း
========================

အင်္ဂလန်ဂန္ထဝင်ဆာဒေးဗစ်ဘက်ဟမ်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြော်ငြာရိုက်ကူးမှုများမှ ပေါင် ၁၉ သန်းအထိ ရရှိကာ စစ်မှန်တဲ့ ကမ္ဘာ့ဖလားအောင်နိုင်သူ ဖြစ်လာပါတယ်။
အင်္ဂလန်အတွက် ၁၁၉ ပွဲကစားထားတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ကစားသမားဘဝတုန်းက ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အထိသာ တက်ရောက်ဖူးပါတယ်။
ဒါပေမဲ့ အသက် ၅၁ နှစ်ရှိ ဒေးဗစ်ဘက်ဟမ်းဟာ Bank of America မှ Lay’s ရဲ့ အာလူးကြော်အထိ ကြော်ငြာများစွာ ရိုက်ကူးခဲ့ပါတယ်။
သူဟာ Home Depot ၊ McDonald’s၊ Stella Artois ဘီယာ၊ အားကစားအမှတ်တံဆိပ် Adidas တို့အတွက်လည်း ကြော်ငြာ ရိုက်ကူးခဲ့ပါသေးတယ်။
ဒေးဗစ်ဘက်ဟမ်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြော်ငြာ ရိုက်ကူးမှုများမှ ပေါင် ၁၉ သန်းအထိ ရရှိလာကြောင်း ဈေးကွက်လေ့လာဆန်းစစ်သူက ဆိုသွားပါတယ်။
အင်တာမိုင်ယာမီပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ဟမ်းဟာ ကြွယ်ဝချမ်းသာမှု ပေါင် ၁.၁၈၅ ဘီလီယံဖြင့် ပထမဆုံးဗြိတိန်ဘီလျံနာ အားကစားသမားအဖြစ် သမိုင်းမှတ်တမ်းရေးထိုးထားသူလည်း ဖြစ်ပါတယ်။

image