4 ရက် - ဘာသာပြန်ပါ။

အိုင်ဗရီကို့စ်နှင့်ပွဲစဉ်မှ ဒဏ်ရာကြောင့် လက်ကျန်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်လာဖို့ ရှိနေတဲ့ ဂျာမနီစတား
===================

ဂျာမနီစတားနီကိုချာလော့တာဘက်ဟာ အိုင်ဗရီကို့စ်နှင့်ပွဲတွင် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လက်ကျန် ကမ္ဘာ့ဖလားပွဲစဉ်များကို လွဲချော်လာဖို့ ရှိနေပါတယ်။
အသက် ၂၆ နှစ်ရှိ ရှလော့တာဘက်ဟာ စနေနေ့တုန်းက ကနေဒါရှိ တိုရွန်တိုကွင်းတွင် အာဖရိကထိပ်သီးအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဂျာမနီအသင်းအတွက် ပွဲထွက် ကစားခဲ့ပါတယ်။
ဒါပေမဲ့ ဗဟိုနောက်ခံလူဟာ ပထမပိုင်းတွင် ဒူးဒဏ်ရာရရှိပြီးနောက် ဆက်မကစားနိုင်မှုနှင့်အတူ ပထမပိုင်းမပြီးခင်မှာ အန်တိုနီယိုရူဒီဂါနှင့် လူစားလဲလှယ်ခဲ့ရပါတယ်။
ပွဲအပြီးတွင် ဂျာမန်နည်းပြဂျူလီယန်နာဂျယ်မန်းက ရှလော့တာဘက်မှာ အရွတ်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အခြေအနေမကောင်းကြောင်း ဝန်ခံထားပါတယ်။
လက်ရှိအချိန်တွင် ရှလော့တာဘက်ရဲ့ ဒဏ်ရာအတိမ်အနက်အား အတိအကျ မသိရသေးပေမဲ့လည်း ကြာသပတေးနေ့ အီကွေဒေါနှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲကို လွဲချော်လာဖို့ သေချာနေပါတယ်။
တဖက်တွင် နာဂျယ်မန်းအနေဖြင့် ရှလော့တာဘက် ဒဏ်ရာရရှိသွားပေမဲ့လည်း ဗဟိုခံစစ်အတွက် ဝယ်ဒီမာအန်တွန်၊ ရူဒီဂါ၊ ဂျိုနသန်တာ၊ မာလစ်ခ်သီယော်တို့အား ရွေးချယ်စရာ ရှိပါသေးတယ်။
ဂျာမနီဟာ အိုင်ဗရီကို့စ်နှင့်ပွဲတွင် ဗဟိုနောက်ခံလူ ၃ ဦးစနစ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အုပ်စုအဖွင့်ပွဲတုန်းက ကူရာကာအိုအား ၇-၁ ဖြင့် အနိုင်ရခဲ့တဲ့ ဂျာမနီဟာ အိုင်ဗရီကို့စ်အား နောက်ကလိုက်ကစားကာ လူစားဝင်လာတဲ့ ဒီနစ်ဇ်အန်ဒေ့ဗ်ရဲ့ ၂ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိကာ ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီး ဖြစ်ပါတယ်။

image