4 ရက် - ဘာသာပြန်ပါ။

သားဦးမွေးဖွားရန်အတွက် အိမ်ပြန်လိုကြောင်း ပြောကြားခဲ့မှုအတွက် ဝေဖန်မှုများ ကြုံနေရတဲ့ ဒိုကူ
======================

တောင်ပံကစားသမားဂျီရီမီဒိုကူဟာ ဇနီးသည် သားဦး မွေးဖွားရန် ရှိနေမှုနှင့်အတူ ဘယ်လ်ဂျီယံရဲ့ ကမ္ဘာ့ဖလားစခန်းမှ ထွက်ခွာလိုကြောင်း ပြောကြားမှုအတွက် ဝေဖန်မှုများ ခံနေရပါတယ်။
ဒိုကူရဲ့ ဇနီးသည်ရှီရန်းဟာ ဇူလိုင်လ ဒုတိယအပတ်တွင် ကလေးမွေးဖွားရန် ရှိနေတာ ဖြစ်ပြီး ယင်းကာလတွင် ဘယ်လ်ဂျီယံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ မထွက်ရသေးပါက ကွာတားဖိုင်နယ်သို့ ရောက်နေပါမယ်။
အသက် ၂၄ နှစ်ရှိ မန်စီးတီးတောင်ပံကစားသမားက "ဒါက ကျွန်တော့်ရဲ့သားဦးပါ။ အဲဒီမှာ သေချာပေါက် ရှိနေချင်တယ်"လို့ ရိုက်တာသတင်းဌာနသို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "ကျွန်တော် ဖြစ်ချင်တာ မေးလာရင် ကျွန်တော့်အဖြေက ဘယ်သူမှ ကိုယ့်ပထမဆုံးကလေးမွေးတာနဲ့ မလွဲချင်ပါဘူး။ ဒါပေမဲ့ ဘောလုံးမှာ တခြားစဉ်းစားစရာတွေ အများကြီး ရှိတာ သိပါတယ်။ ကစားသမားတွေကို အဖွဲ့ချုပ်ဘက်က ထောက်ပံပေးတာ နားလည်ပေးတာ သိပါတယ်။ ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ ဒိုကူရဲ့ အမေရိကန်မှ ထွက်ခွာကာ အိမ်ပြန်လိုနေမှုအပေါ် L'Equipe မှ အစီအစဉ်တင်ဆက်သူ ဖရန့်ပီယာရွန်က အသုံးမဝင်တဲ့ အဖေလို့ ဝေဖန်သွားပါတယ်။
သူမက "ကမ္ဘာ့ဖလားက တကယ့်ကို ပျော်စရာကြီးပါ။ မင်းဖိနပ်ထဲမှာ မင်းကို သတ်လိုနေတဲ့ ရာပေါင်းမျးစွာသော ဘောလုံးသမားတွေ ရှိနေတယ်။ ဘဝမှာ ဒါမျိုး နောက်ထပ် ကြုံဖို့ မလွယ်ပါဘူး။ ကိုယ့်ငယ်ဘဝအိပ်မက်ထဲမှာ ရှင်သန်နေရတာပါ။ ဒါကနေ ထွက်ခွာပြီး ပထမဆုံးကလေးကို အာရုံစိုက်မယ်ဆိုတာ လက်မခံနိုင်စရာ အခိုက်အတန့်ပါ။ အသုံးမကျတဲ့ အဖေလို့ ပြောမှုအတွက် ခွင့်လွှတ်ပေးပါ"လို့ ဆိုသွားပါတယ်။
တဖက်တွင် ဒိုကူဟာ ပီယာရွန်ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုခံရပြီးနောက် အားပေးထောက်ခံခြင်းလည်း ခံလာရပါတယ်။
၂၀၀၀ ခုနှစ် ဆစ်ဒနီအိုလံပစ်တွင် ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ လက်ဝှေ့သမားဟောင်းဘရာဟမ်အက်စ်လွမ်က "ကလေးက တဘဝစာပါ။ ကမ္ဘာ့ဖလားက ပြီးရမဲ့အချိန်ရောက်ရင် ပြီးသွားလိမ့်မယ်"လို့ ဆိုသွားပါတယ်။
ဒိုကူဟာ နေထိုင်မကောင်း ဖြစ်နေမှုနှင့်အတူ ယနေ့ည အီရန်နှင့် ရင်ဆိုင်ကစားရမဲ့ ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အား လွဲချော်လာပါမယ်။ ဘယ်လ်ဂျီယံဟာ အုပ်စုအဖွင့်ပွဲတွင် အီဂျစ်နှင့် တစ်ဂိုးစီသရေကျထားပါတယ်။

image