ကန်ချက် ၆၂ ကြိမ်ပြုလုပ်ပြီး တစ်ဂိုးမျှ မရရှိဘဲ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ လှည့်ပြန်လိုက်ရပြီဖြစ်တဲ့ တူရကီ
====================

တူရကီဟာ မနေ့ညတုန်းက ပါရာဂွေးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ ၂ ပွဲလုံး ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ လှည့်လိုက်ရဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ယင်းပွဲစဉ်တွင် ပါရာဂွေးရဲ့ အယ်မီရွန်ဟာ ပါးစပ်ကို ကာကာ ပြိုင်ဘက်ကစားသမားကို အနီကတ်ပြထုတ်ပယ်ခံရလို့ ယင်းစည်းမျဉ်းဖြင့် အနီကတ်ပြထုတ်ပယ်ခြင်းခံရတဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။
တူရကီဟာ တစ်ယောက်အသာဖြင့် ကစားခဲ့ရပြီး ဂိုးပေါက်ကန်ချက် ၃၂ ကြိမ်အထိ ကန်ခဲ့ပေမဲ့လည်း ပွဲအစ ၆၄ စက္ကန့်မှာပင် ကမ္ဘာ့ဖလားရဲ့ အမြန်ဆုံးဂိုးကို သွင်းယူခဲ့တဲ့ ပါရာဂွေးရဲ့ ဂါလာဇာရဲ့ ချေပဂိုးကို မချေပနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
တူရကီဟာ အုပ်စုအဖွင့်ပွဲစဉ်တုန်းက ဩစတြေးလျအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်တွင်လည်း ဂိုးပေါက်ကန်ချက် အကြိမ် ၃၀ အထိ ပြုလုပ်ခဲ့ပေမဲ့ ဂိုးမရရှိခဲ့တာပါ။
တူရကီဟာ ကမ္ဘာဖလားအဖွင့်ပွဲ ၂ ပွဲတွင် ဂိုးပေါက်ကန်ချက် ၆၂ ကြိမ်အထိ ပြုလုပ်ခဲ့ပေမဲ့လည်း တစ်ဂိုးမျှပင် ရရှိခဲ့ခြင်း မရှိဘဲ အုပ်စုအဆင့်မှပင် လှည့်ပြန်ရတော့မှာ ဖြစ်ပါတယ်။
တူရကီဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အမေရိကန်နှင့် ကစားရဦးမှာ ဖြစ်ပေမဲ့လည်း အဖွင့်ပွဲ ၂ ပွဲ ရှုံးနိမ့်ထားမှုနှင့်အတူ နောက်တစ်ဆင့်သို့ တက်နိုင်မဲ့ အခွင့်အရေး မရှိတော့ပါဘူး။
တူရကီကို အနိုင်ရရှိခဲ့တဲ့ ပါရာဂွေးကတော့ အုပ်စုနောက်ဆုံးပွဲမှာ ဩစတြေးလျကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

image