ဒိုင်လူကြီး ကြွက်တက်မှုကြောင့် အမေရိကန်နှင့် ဩစတြေးလျပွဲ ရပ်ဆိုင်းခဲ့ရ
=====================
အမေရိကန်နှင့် ဩစတြေးလျတို့နှင့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အတွင်းတွင် ဒိုင်လူကြီးဖီးလစ်ဇွာယာ ကြွက်တက်မှုနှင့်အတူ ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
ဆက်တယ်တွင် ကစားခဲ့တဲ့ ယင်းပွဲစဉ်တွင် ပူးတွဲအိမ်ရှင်အမေရိကန်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ၂ ပွဲဆက် အနိုင်ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ခွင့် ရရှိသွားခဲ့ပါတယ်။
ဒါပေမဲ့ ယင်းပွဲစဉ်ရဲ့ ပွဲပြီးခါနီးတွင် အသက် ၄၅ နှစ်ရှိ ဇွာယာမှာ ကြွက်တက်ပြီး လဲကျလာမှုနှင့်အတူ ပရိသတ်များ တုန်လှုပ်ခဲ့ရပါတယ်။
ဂျာမန်ဒိုင်လူကြီးဟာ ဘေးထွက်ဘော ဖြစ်ပြီးနောက် ဝီစီမှုတ်ကာပွဲကို ရပ်ဆိုင်းပြီး ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း ပြသခဲ့ပါတယ်။
စတုတ္ထဒိုင်လူကြီးကေတီယာဂါစီယာက ကွင်းအတွင်း ပြေးဝင်လာပြီး ဇွာယာကို ဖျော်ရည်အချို့ တိုက်တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ပါရာဂွေးဘက်သို့ ၂ ဂိုးသွင်းခဲ့တဲ့ အမေရိကန်တိုက်စစ်မှူးဖိုလာရန်ဘာလိုဂန်ကလည်း ကွင်းအတွင်း လဲနေတဲ့ ဇွာယာကို ကြွက်သားဖြေလျှော့ပေးပြီး နာကျင်မှု သက်သာအောင် ကူညီခဲ့ပါတယ်။
ဩစတြေးလျရဲ့ အေဒန်အိုနေးလ်ကလည်း ပုံမှန်မဟုတ်တဲ့ အခြေအနေကြုံရပြီးနောက် သွားရောက် ကူညီပေးခဲ့ပါတယ်။
ဆွာယာဟာ ဘွန်ဒက်စ်လီဂါနှင့် ချန်ပီယံလိဂ်တို့တွင် အကောင်းဆုံးကိုင်တွယ်ပြနိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကြီးကြပ်လာခဲ့တာပါ။
သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကြီးကြပ်ခွင့်ရလာမှုနှင့်အတူ ပေါင် ၇၅၀၀၀ အထိ ရရှိလာပါမယ်။
ဇွာယာဟာ ၂၀၀၅ ခုနှစ်တုန်းက လုပ်ပွဲတွင် ပါဝင်ခဲ့မှုကြောင့် ဒိုင်လူကြီးဘဝ အဆုံးသတ်မဲ့အရေးနှင့် ကြုံခဲ့ရသူပါ။
ထိုစဉ်တုန်းက သူဟာ ဒိုင်လူကြီးရောဘတ်ဟွိုင်ဇာထံမှ လာဘ်ထိုးငွေ ယူရို ၃၀၀ လက်ခံခဲ့ပါတယ်။
ယင်းလုပ်ရပ်အတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ဇွာယာကို ဒိုင်လုပ်ခွင့် ၆ လပိတ်ပင်ခဲ့ဖူးပါတယ်။
အင်္ဂလန်စတားဂျူ့ဘယ်လင်ဂမ်ဟာ ၂၀၂၁ ခုနှစ်တုန်းက ဇွာယာကို လုပ်ပွဲကစားတယ်လို့ ပြောဆိုခဲ့မှုအတွက် ပေါင် ၃၄၀၀၀ ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။ ထိုစဉ်တုန်းက ဘယ်လင်ဂမ်ဟာ ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ပင်နယ်တီ မရရှိမှုအတွက် ဒေါသထွက်ကာ ဝေဖန်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။