ဂါနာနှင့်ပွဲတွင် ပွဲထွက်လာနိုင်ဖို့ မရှိသေးတဲ့ အင်္ဂလန်တောင်ပံကစားသမားဆာကာ
===================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ဘူကာယိုဆာကာမှာ အင်္ဂါနေ့ ဂါနာနှင့်ပွဲစဉ်တွင်လည်း အင်္ဂလန်အတွက် ပွဲထွက်ကစားလာနိုင်ဖို့ မရှိသေးကြောင်း အရိပ်အမြွက် ပြောကြားလာပါတယ်။
ဆာကာဟာ ဗုဒ္ဓဟူးနေ့တုန်းက ခရိုအေးရှားအား ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် အရန်အဖြစ် ဝင်ရောက်ကစားခဲ့ပြီးနောက် မားကပ်စ်ရက်ဖို့ဒ် အင်္ဂလန်ရဲ့ စတုတ္ထဂိုးအား သွင်းယူနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားမတိုင်မီ တူချယ်က ဖနောင့်ဒဏ်ရာပြဿနာကြုံနေရတယ်လို့ ယုံကြည်ရတဲ့ ဘူကာယိုဆာကာအား အဖွင့်ပွဲများတွင် စနစ်တကျ အသုံးပြုဖို့ လိုအပ်နေကြောင်း ဝန်ခံ ပြောဆိုခဲ့ဖူးပါတယ်။
တနင်္လာနေ့တုန်းက အင်တာဗျူးမှာတော့ ဆာကာက ပွဲကစားရန် အသင့် ဖြစ်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသင်းကို ကူညီရေး အရဲစွန် လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ တူချယ်ကတော့ ဇွန်လ ၂၇ ရက်နေ့တွင် နယူးဂျာစီမှာ ပနားမားနှင့် ရင်ဆိုင်ရမဲ့ အုပ်စုနောက်ဆုံးပွဲအထိ ဆာကာမှာ ပွဲထွက်နိုင်ဖို့ မရှိကြောင်း ပြောဆိုလာပါတယ်။
၎င်းက "ဘူကာယိုက အသင့် ဖြစ်နေပါတယ်။ ပြီးတော့ ပိုပြီး ပိုပြီးတော့ အသင့် ဖြစ်လာမှာပါ။ နောက်ဆုံးပွဲမှ သူ အသင့်ဖြစ်နေမယ်လို့ တခါတုန်းက တွေးခဲ့ဖူးတယ်"လို့ ပြောကြားသွားပါတယ်။