ဗလက္ကာယမှုဖြင့် အမှုရင်ဆိုင်ရတော့မဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မော်ရိုကိုအသင်းခေါင်းဆောင်ဟာကီမီ
=====================

မော်ရိုကိုအသင်းခေါင်းဆောင်အာခရစ်ဖ်ဟာကီမီမှာ ဗလက္ကာယမှုဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရရှေ့နေများက အတည်ပြုလာပါတယ်။
အမျိုးသမီးတစ်ဦးက သူမ အသက် ၂၄ နှစ်အရွယ် ၂၀၂၃ ခုနှစ်တုန်းက ပဲရစ်ရှိ ဟာကီမီရဲ့ နေအိမ်တွင် ပီအက်စ်ဂျီနောက်ခံလူရဲ့ မုဒိန်းကျင့်ခြင်းခံခဲ့ရကြောင်း စွပ်စွဲထားပါတယ်။
Nanterre မှ အရပ်ဘက်အစိုးရရှေ့နေရုံးက ၂၀၂၃ ခုနှစ် မတ်လမှ စတင်ကာ အထက်ပါ အမှုအား စတင်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းနောက် စုံစမ်းစစ်ဆေးရေးတရားသူကြီးက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အမှုကို ရုံးတင်စစ်ဆေးမှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ မော်ရိုကိုနှင့် ပီအက်စ်ဂျီနောက်ခံလူဟောင်းဟာ ရုံးတင်စစ်ဆေးမဲ့ အခြေအနေအား အယူခံဝင်ခဲ့ရာ ပယ်ချခြင်းခံခဲ့ရပါတယ်။
ဟာကီမီဟာ ယနေ့ သောကြာနေ့တွင် ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် စကော့တလန်နှင့်ပွဲမှာ ပါဝင်ကစားလာမှာ ဖြစ်ပြီး သူ့အပေါ် စွပ်စွဲမှုများအပေါ် ငြင်းဆိုထားပါတယ်။
ဟာကီမီက "တရားစီရင်ရေးစနစ်က ကျွန်တော့်မျက်လုံးကို ကြည့်ပြီး 'မင်းသာ နာမည်ကြီး မဟုတ်ရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး'လို့ ပြောနေပါတယ်။ ကျွန်တော် နှစ်ပေါင်းများစွာ နှုတ်ဆိတ်ပြီး နေလာခဲ့တယ်။ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း၊ စိတ်ရှည်ခြင်းနဲ့ တရားစီရင်ရေးအပေါ် ယုံကြည်မှုက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာမယ်လို့ ယုံကြည်ခဲ့တယ်။ ဒီကနေ့ ကျွန်တော့်ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်က ကျုပ်မိသားစု၊ ကျုပ်အသက်နဲ့ အထူးသဖြင့် ကျွန်တော်က အလွယ်တကူ ပစ်မှတ်ထားခံရနိုင်တယ်ဆိုတာ ပြသနေပါတယ်။ စတင်ကတည်းက တရားရုံးတင်စစ်မဲ့နေ့ကို စောင့်ဆိုင်းနေခဲ့တာပါ။ ပြီးတော့ အခုလည်း စောင့်နေတုန်းပဲ။ နောက်ဆုံးမှာတော့ အမှန်တရားကို ပြောပြနိုင်တော့မယ်"လို့ ဆိုရှယ်မီဒီယာတွင် ရေးသားသွားပါတယ်။
ဟာကီမီကို ဘယ်နေ့မှာ ရုံးတင် စစ်ဆေးမှု ပြုလုပ်လာမလဲဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူး။
မော်ရိုကိုဟာ ကမ္ဘာ့ဖလားအုပ်စုပွဲအားလုံးကို ၎င်းတို့အခြေစိုက်ရာ အမေရိကန်မှာပဲ ကစားရပါမယ်။
ဒါပေမဲ့ မော်ရိုကိုအနေဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ကာ ကနေဒါတွင် ကစားရလာရမည်ဆိုပါက ဟာကီမီမှာ အမှုရင်ဆိုင်နေရမှုနှင့်အတူ ကနေဒါပြည်ဝင်ခွင့် ငြင်းပယ်ခံလာရနိုင်ပါတယ်။
ကနေဒါဟာ ဗလက္ကာယမှုများဖြင့် ရင်ဆိုင်နေရတဲ့ ဂါနာကွင်းလယ်ကစားသမားသောမတ်စ်ပါတေးနှင့် လုပ်ပွဲသံသယမှုဖြင့် အဖမ်းခံခဲ့ရဖူးတဲ့ အိုင်ဗရီကို့စ်အလယ်တန်းကစားသမားအယ်လီဝါဟီတို့မှာ ကနေဒါပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဖြစ်ပါတယ်။
ဟာကီမီဟာ မော်ရိုကိုအသင်းအတွက် ၉၇ ပွဲကစားထားသူ ဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက အသက် ၁၇ နှစ်အရွယ်တွင် ပထမဆုံးပွဲကစားခွင့်ရပြီးကတည်းက အရေးပါတဲ့ ကစားသမားအဖြစ် ကစားလာသူ ဖြစ်ပါတယ်။

image