2 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအထိထပ်တိုးသုံးစွဲခွင့်အပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ကြယ်ပွင့်ပြမေးခွန်းများအဖြစ်မေးမြန်းဆွေးနွေးကြမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိ ယပုံမှန်အစည်းအဝေး(ဆဋ္ဌမ)နေ့ကို မနက်ဖြန် ဇွန် ၂၂ ရက်နံနက်ပိုင်းတွင်ကျင်းပမည်ဖြစ်ရာ ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအထိထပ်တိုးသုံးစွဲခွင့်အပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ကြယ်ပွင့်ပြမေးခွန်းများအဖြစ် လွှတ်တော်ကိုယ်စားလှယ်များကမေးမြန်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်ဆွေဆွေဝင်းက ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအထိထပ်တိုးသုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ/မရှိအား ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မရမ်းကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦး မင်းသိန်းထွန်း၊ တွံတေးမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)ဦးနေဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်အေးအေးမြင့်၊ မင်္ဂလာဒုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်လေးလေးမြင့်၊ သုံးခွမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးလှဌေး၊ တိုက်ကြီးမြို့ နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးစိုးဝင်းအောင်တို့ကလည်း ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ထန်းတပင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးတိုင်းရ၊ သုံးခွမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးလှဌေး၊ ကျောက်တန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးမျိုးမြင့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကိုယ်စား လှယ်အမှတ်(၁)ဒေါ်ဇာခြည်လင်း၊ တောင်ဥက္ကလာပမြို့ နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးအောင်ကျော်မိုး၊ ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးကျော်မင်းထက်တို့ကလည်း ကြယ်ပွင့်ပြမေးခွန်းများကိုမေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အင်းစိန်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးဝင်းထွန်းနိုင်(ခ)ရွှေဘော်၏ "နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ် ကြည်ရေးခရီးစဥ်သွားရောက်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်း မြောက်ကြောင်းအဆို"ကို လွှတ်တော်သို့တင်သွင်း၍ လွှတ်တော်ကမှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဗဟန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်ခိုင်ဆုရည်ဇော်၏ "ရန်ကုန်မြို့အား Smart City စီမံ ကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်တိုးတက်မှုအဆင့်(Star Rating System) စနစ်သတ်မှတ်၍ ပြည်သူသို့ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်အဆို"နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်များကို တိုင်းအဆင့်အဖွဲ့အစည်းဝင်ကပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် လွှတ်တော်၏အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

image