2 ပတ် - ဘာသာပြန်ပါ။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးရန်ကြီးအောင်အား တနင်္သာရီတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးရန်ကြီးအောင်အား တနင်္သာရီတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၅၇/ ၂၀၂၆ ဖြင့် ယနေ့ ဇွန် ၂၁ ရက်ကထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့အရ ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးကြီးသိန်းဇော်မြင့်အား စစ်ဘက်မူလတာဝန်များကိုပြန်လည်ထမ်းဆောင်စေခဲ့သည်ဟုလည်း နိုင်ငံတော်သမ္မတရုံး၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

image