5 ပတ် - ဘာသာပြန်ပါ။

တောင်ကိုရီးယားအသင်းလေ့ကျင့်ရေးစခန်းအနီး ပျံသန်းနေတဲ့ ဒရုန်းကို ပစ်ချ
==================

မက္ကဆီကိုစစ်တပ်ဟာ တောင်ကိုရီးယားအသင် လေ့ကျင့်ရေးစခန်းအနီး ပျံသန်းနေတဲ့ မှတ်ပုံတင်ခြင်းမရှိတဲ့ ဒရုန်းကို ကြားဖြတ်ဝင်ရောက် ပစ်ချခဲ့ရပါတယ်။
တောင်ကိုရီးယားအသင်းဟာ မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလာဂျာတွင် အခြေစိုက်ကာ လေ့ကျင့်ခန်းဆင်းနေတာ ဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက တောင်ကိုရီးယားအသင်း လေ့ကျင့်ခန်းဆင်းနေစဉ် ကောင်းကင်ထက်တွင် ဒရုန်းတစ်စင်းပျံသန်းမှုနှင့် ကြုံခဲ့ရပြီး အသင်းရဲ့လေ့ကျင့်ခန်းဆင်းမှုကို စပိုင်လုပ်လာမှာ စိုးရိမ်ခဲ့ရပါတယ်။
သောကြာနေ့တွင် ပူးတွဲအိမ်ရှင် မက္ကဆီကိုနှင့် ကစားရမယ့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားနည်းပြဟွန်မြောင်ဘိုက "ကျွန်တော်တို့အပေါ် ဘာမှ မရိုက်ခတ်ပါဘူး။ ဒါပေမဲ့ ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်နေတယ်။ ဒါက အရေးအကြီးဆုံးပါ။ ဖြစ်ပျက်သွားတာကတော့ ကံဆိုးတယ်"လို့ ပြောကြားသွားပါတယ်။
မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် နိုင်ပွဲ ကိုယ်စီ ရရှိထားရာ ယခု အုပ်စုဒုတိယပွဲစဉ်မှာ ရှုံးထွက်အဆင့်တက်ရေး အဆုံးအဖြတ်ပွဲစဉ်လည်း ဖြစ်နေပါတယ်။
၂၀၂၄ ခုနှစ်တုန်းက ကနေဒါအမျိုးသမီးအသင်းဟာ ပဲရစ်အိုလံပစ်အဖွင့်ပွဲမတိုင်မီ နယူးဇီလန်အသင်း လေ့ကျင့်ခန်းဆင်းမှုအား ဒရုန်းအသုံးပြုကာ စပိုင်လုပ်မှုအတွက် ရမှတ် ၆ မှတ်အလျှော့ခံခဲ့ရပါတယ်။ ဒါ့အပြင် ကနေဒါအသင်းနည်းပြဘီပရက်စ်မန်းနှင့် နည်းပြအဖွဲ့ဝင် ၂ ဦးတို့မှာလည်း ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

image