4 ရက် - ဘာသာပြန်ပါ။

လေ့ကျင့်ရေးစခန်းကို အဆိပ်ပြင်းမြွေ ဝင်ရောက်မှုကြောင့် လေ့ကျင့်ခန်းဆင်းရမှာ စိုးရိမ်ကြောက်လန့်နေကြတဲ့ ဂျာမနီစတားများ
======================

ဂျာမနီစတားများဟာ လေ့ကျင့်ရေးစခန်းအတွင်းတွင် အဆိပ်ပြင်းမြွေတစ်ကောင် တွေ့ရှိပြီးနောက် တုန်လှုပ်ခြောက်ခြားစွာ နေထိုင်နေကြရပါတယ်။
ဂျာမနီအသင်းသားများဟာ လေ့ကျင့်ရေးကွင်းအတွင်းတွင် အဆိပ်ပြင်းမြွေတစ်ကောင် တွေ့ရှိမှုနှင့်အတူ စိုးရိမ်တုန်လှုပ်စိတ်ဖြင့် လေ့ကျင့်ခန်းဆင်းနေရပါတယ်။
အထက်ပါသတင်းကို ဂျာမနီအသင်းခေါင်းဆောင်ဂျိုရှာကမ်မစ်ချ်က ဖွင့်ဟလာတာ ဖြစ်ပါတယ်။ ယင်းအဆိပ်ပြင်းမြွေက မြောက်အမေရိကတိုက်တွင် အများဆုံးတွေ့ရတတ်တဲ့ ကြေးနီခေါင်းမြွေဖြစ်ဖို့များပြီး အဆိပ်အလွန်ပြင်းထန်တဲ့ မြွေမျိုးစိတ်ထဲမှ တစ်ခု ဖြစ်ပါတယ်။
ကမ်မစ်ချ်က 'ဘယ်လို မြွေးအမျိုးအစားဖြစ်တယ်ဆိုတာ ကြားလိုက်ရတဲ့အချိန်မှာ ကိုက်လိုက်ရင် ဘယ်လို ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတော့ အပျော်တွေ ချက်ချင်းပျောက်သွားတယ်။ အကိုက်ခံရရင် ဆေးရုံးချက်ချင်းပို့ရမယ်။ သေမယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်။ ကမ္ဘာ့အကြီးမားဆုံးပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ ဒီကို ရောက်နေကြတာပါ။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ကစားသမားတွေဟာ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းအတွက် မြေကြီးကို အထူးသတိထားကြည့်နေရတယ်"လို့ ပြောကြားသွားပါတယ်။
ကြေးနီခေါင်းမြွေ အကိုက်ခံရပါက ချက်ချင်းမသေပေမဲ့လည်း ချက်ချင်း မြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်ပါတယ်။
နော်ဝေအသင်း အခြေစိုက်ရာ ဧရိယာတွင်လည်း အဆိုပါ ကြေးနီခေါင်းမြွေများ ကျက်စားရာ ဧရိယာ ဖြစ်သလို ဩစတြီးယားအသင်းသားများဟာလည်း မြွေအန္တရာယ်ကြောင့် စက်ဘီးစီးခြင်း မပြုလုပ်ရန် တားမြစ်ခြင်းခံထားရပါတယ်။
ဒါ့အပြင် ဆွစ်ဇာလန်အသင်းသားများဟာလည်း ဆန်ဒီယေဂိုတွင် မြွေအလွန်ပေါတဲ့ ဧရိယာအနားတွင် လေ့ကျင့်ခန်းဆင်းနေရပါတယ်။

image