၆ ကြိမ်မြောက် ကမ္ဘာ့ဖလားတွင် ပထမဆုံးကမ္ဘာ့ဖလားဟက်ထရစ်သွင်းယူကာ ကလိုဆေးရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို လိုက်မီလာတဲ့ လီယွန်နယ်မက်ဆီ
=====================
လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားက အယ်ဂျီးရီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ၆ ကြိမ်မြောက်ကမ္ဘာ့ဖလားအဖြစ် ပါဝင်ကစားလာပြီး ပထမဆုံးကမ္ဘာ့ဖလားဟက်ထရစ်အား သွင်းယူလာနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလား ၁ ကြိမ် ဆွတ်ခူးထားတဲ့ မက်ဆီအတွက် အယ်ဂျီးရီးယားနှင့်ပွဲမှ ဟက်ထရစ်က သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားဟက်ထရစ်ဖြစ်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးဟက်ထရစ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် လီယွန်နယ်မက်ဆီဟာ ယခုဟက်ထရစ်ဂိုးကြောင့် ဂျာမနီဂန္ထဝင်တိုက်စစ်မှူးမီရိုဆလပ်ဗ်ကလိုဆေးရဲ့ ကမ္ဘာ့ဖလားသမိုင်းတွင် သွင်းဂိုးအများဆုံးစံချိန် ၁၆ ဂိုးစံချိန်ကိုလည်း လိုက်မီလာပါတယ်။
မက်ဆီဟာ အယ်ဂျီးရီးယားနှင့်ပွဲမှ ဟက်ထရစ်ကြောင့် ဂတ်မူလာ(အနောက်ဂျာမနီ)၊ ကိုင်လီယန်ဘက်ပေး(ပြင်သစ်) ၁၄ ဂိုး၊ ရော်နယ်ဒို (ဘရာဇီး) ၁၅ ဂိုးတို့ရဲ့စံချိန်ကို ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။
မက်ဆီဟာ လာမဲ့ တနင်္လာနေ့ ဩစတြီးယားနှင့်ပွဲစဉ်တွင် ဂိုးသွင်းယူလာနိုင်ပါက ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်သစ်ရေးထိုးကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူလာမှာလည်း ဖြစ်ပါတယ်။