အမေရိကန် B-52 ဗုံးကြဲလေယာဉ် ပျ-က်ကျ၊ လေယာဉ်အမှုထမ်း ၈ ဦး ေ-သဆုံး
အမေရိကန်လေတပ်၏ B-52 Stratofortress ဗုံးကြဲလေယာဉ်တစ်စင်းသည် ဇွန်လ ၁၆ ရက် နံနက်ပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်ရှိ အက်ဒ်ဝပ်စ်လေတပ်အခြေစိုက်စခန်းမှ ပျံတက်ပြီး မကြာမီ ပျ-က်ကျခဲ့ရာ လေယာဉ်ပေါ်ပါ အမှုထမ်း ၈ ဦးလုံး သေဆုံးခဲ့ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်သည်။
အဆိုပါဖြစ်ရပ်သည် ၁၉၈၂ ခုနှစ်တွင် ဆေခရာမန်တိုမြို့အနီးရှိ မာသာလေတပ်အခြေစိုက်စခန်း၌ B-52 ဗုံးကြဲလေယာဉ် ပျ-က်ကျပြီး လေတပ်ဖွဲ့ဝင် ၉ ဦး ေ-သဆုံးခဲ့သည့် မတော်တဆမှုနောက်ပိုင်း အေ-သအပျေ-ာက်အများဆုံး B-52 လေယာဉ်မတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။
လေတပ်တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပျ-က်ကျခဲ့သည့် B-52 Stratofortress လေယာဉ်မှာ ပုံမှန်စမ်းသပ်ပျံသန်းမှု မစ်ရှင်တစ်ခုကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် အခြေစိုက်စခန်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီဖြစ်ရပ်ဟာ အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး အသက်ရှင်လွတ်မြောက်နိုင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး” ဟု ဗိုလ်မှူးကြီး ဂျိမ်းစ် ဟေးစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လေယာဉ်ပျ-က်ကျပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ချက်ချင်း သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှ မီးခိုးလုံးများ ထူထပ်စွာ ထွက်ပေါ်နေခဲ့ကြောင်း သိရသည်။
ေ-သဆုံးသူများ၏ မိသားစုဝင်များထံ အကြောင်းကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အုပ်ခွဲတပ်ကြပ်ကြီး ဂျိုရှုအာ တီစကာလိုကန်က ပြောကြားသည်။ ေ-သဆုံးသူများတွင် စစ်ဘက်အရာရှိများ၊ အရပ်ဘက်အစိုးရဝန်ထမ်းများနှင့် အစိုးရကန်ထရို-က်တာများ ပါဝင်ကြောင်းလည်း ၎င်းက ဆိုသည်။