ကာတာချန်ပီယံအသင်းမှ ထွက်ခွာလာပြီးနောက် အီတလီအသင်းအား ဒုတိယအကြိမ် ကိုင်တွယ်ရန် ရေပန်းစားလာတဲ့ မန်စီနီ
====================
ရောဘတ်တိုမန်စီနီဟာ ကာတာချန်ပီယံ Al-Sadd ကို ၈ လတည်းသာ ကိုင်တွယ်ပြီး ထွက်ခွာလာပြီးနောက် အီတလီအသင်းအား ဒုတိယအကြိမ် ကိုင်တွယ်ရန် ရေပန်းစားနေပါတယ်။
မန်စီးတီးနည်းပြဟောင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက Al-Sadd ကို ကာတာစတားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့ပြီးနောက် တနင်္ဂနွေနေ့တုန်းက နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပါတယ်။
မန်စီနီဟာ Al-Sadd မှ ထွက်ခွာကာ အသင်းလက်မဲ့ ဖြစ်လာပြီးနောက် အီတလီအသင်းအား ကိုင်တွယ်ရန် ထိပ်ဆုံးမှ ရေပန်းစားလာပါတယ်။
အီတလီဟာ ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ခြေစစ်ပွဲကျပြီးနောက် နည်းပြသစ်ရှာဖွေနေပါတယ်။
ဂန်နာရိုဂတ်တူဆိုဟာ အီတလီကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။
အစောပိုင်းတုန်းက အီတလီနည်းပြရာထူးအတွက် ပက်ဂွါဒီယိုလာ၊ အန်တိုနီယိုကွန်တီတို့ သတင်းထွက်ခဲ့ဖူးပေမဲ့ ယခု မန်စီနီမှာ အသင်းလက်မဲ့ ဖြစ်လာမှုနှင့်အတူ ထိပ်ဆုံးမှ ရေပန်းစားလာပါတယ်။
မန်စီနီဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အီတလီအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက ယူရို ၂၀၂၀ ဖလား ရရှိအောင် ဦးဆောင်ကာ နိုင်ငံအား အမြင့်ဆုံးရောက်အောင် ပို့ဆောင်ခဲ့ပေမဲ့ ၈ လအကြာတွင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိမှုကြောင့် ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။
မန်စီနီဟာ အင်တာမီလန်နှင့်အတူ စီးရီးအေ ၃ ကြိမ်ဆက်ဆွတ်ခူးခဲ့ဖူးသလို မန်စီးတီးနှင့်အတူ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားတို့လည်း ရယူနိုင်ခဲ့ပါတယ်။
သူဟာ အီတလီအသင်းမှ ထွက်ခွာပြီးနောက် ဆော်ဒီအသင်းကို ကိုင်တွယ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။