1 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားသမိုင်းတွင် အကြီးမားဆုံးလေ့ကျင့်ရေးပစ္စည်းခိုးယူမှု ပြုလုပ်ခဲ့တဲ့ ယာဉ်မောင်းနှစ်ဦး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖို့ ရှိနေ
==================

ကမ္ဘာ့ဖလားသမိုင်းတွင် အကြီးမားဆုံးလေ့ကျင့်ရေးပစ္စည်းခိုးယူမှု ပြုလုပ်ခဲ့ကြတဲ့ ပစ္စည်းသယ်ပို့ ယာဉ်မောင်းသမား ၂ ဦးတို့ဟာ အင်္ဂလန်အသင်းရဲ့ ပေါင် ၁၃၅၀၀၀ တန်ဖိုးရှိ လေ့ကျင့်ရေးပစ္စည်းများအား ခိုးယူမှုအတွက် ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖို့ ရှိနေပါတယ်။
အာဖကန်နစ္စတန်ဖွား မူစတာဖာဆာလစ်ခ်နှင့် အာဖန်ကာမယ်တို့ဟာ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးပစ္စည်းများဖြစ်ကြတဲ့ ဘောကန်ဖိနပ်၊ ဘောလုံးနှင့် လေ့ကျင့်ရေးကွင်းသုံးပစ္စ္ညည်းများကို ခိုးယူမှုအတွက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပါတယ်။
သောကြာ့နေ့တုန်းက ၎င်းတို့ဟာ ဖောက်ထွင်းခိုးယူခဲ့တဲ့ ပစ္စည်းများတွင် တစ်ထည်လျှင် ပေါင် ၃၇၂၉ တန်ဖိုးရှိ လက်မှတ်ထိုးထားတဲ့ အင်္ဂလန်အင်္ကျီ ၃ ထည်နှင့် အင်္ဂလန်အသင်းရဲ့လာဘ်ကောင်ရုပ်နှစ်ရုပ်လည်း ပါဝင်ပါတယ်။
၎င်းတို့ဟာ အင်္ဂလန်ရဲ့ ဖလိုရီဒါ ကမ္ဘာ့ဖလားအကြိုလေ့ကျင့်ရေးစခန်းမှ ကန်ဆက်စ်ရှိ လေ့ကျင့်ရေးစခန်းသစ်သို့ အင်္ဂလန်အသင်းလေ့ကျင့်ရေးပစ္စည်းများကို ၂၁ နာရီကြာ ကားမောင်းနှင်ပို့ဆောင်ရန် ငှားရမ်းခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ အသက် ၄၀ နှစ်ရှိ ဆာလစ်ခ်နှင့် အသက် ၃၅ နှစ်ရှိ ကာမယ်တို့ဟာ ကန်ဆက်စ်စီးတီးရှိ Swope Soccer Village သို့ မရောက်မီ မိုင် ၁၅၀ အလို ကိုလမ်ဘီယာတွင် ကားကို ရပ်တန့်ကာ ပစ္စည်းများအား ရယူခဲ့ကြပါတယ်။
၎င်းတို့ဟာ ပစ္စည်းခိုးမှုဖြင့် အမှုဖွင့်ခြင်းခံထားရပြီး ထောင်ဒဏ် ၁ နှစ်မှ ၇ နှစ်အထိ ချမှတ်ခြင်းခံလာရပါမယ်။
၎င်းတို့ဟာ လက်ရှိအချိန်တွင် အချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းမှု ခံထားရဆဲ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် ပစ္စည်းများ ပြန်လည် ရရှိထားပြီးလည်း ဖြစ်ပါတယ်။

image