3 ပတ် - ဘာသာပြန်ပါ။

တရားမဝင်ဓာတ်အားရယူသုံးစွဲသည့် မြောင်းတကာစက်မှုဇုန်မှ သံရည်ကျိုစက်ရုံအား လျှပ်စစ်ဥပဒေအရအရေးယူ

ရန်ကုန်တိုင်း၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co., Ltd သံရည်ကျိုစက်ရုံသည် တရားမဝင်ဓာတ်အားရယူသုံးစွဲသဖြင့် လျှပ်စစ်ဥပဒေအရအရေး ယူထားကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃)ရှိ ZON TAI STEEL Co., Ltd သံရည်ကျိုစက်ရုံကိုဝင်ရောက်စစ်ဆေးရာ မီတာအားမသမာသောနည်းဖြင့်ဖွင့်၍ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ်မီတာအားချက်ချင်းပိတ်သိမ်းပြီး နစ်နာဆုံးရှုံးမှုများပြန်လည်ရရှိရေးနှင့် လျှပ်စစ်ဓာတ်အားကိုမသမာသောနည်းဖြင့် ရယူသုံးစွဲထားသည့် လုပ် ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့် အညီထိရောက်စွာ အ ရေးယူနိုင်ရန် မှော်ဘီမြို့မရဲစခန်း၌ ဇွန် ၁၁ ရက်တွင် အ မှုဖွင့်လှစ်အရေးယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ် ဓာတ်အားယူနစ် ငါးသန်းခြောက်သောင်းရှစ်ထောင်ရှစ်ရာအတွက် ငွေကျပ်သန်း(၄၅၀၀)ကျော်ဆုံးရှုံးနစ်နာခဲ့ကြောင်း သိရသည်။

image