စွန့်ပစ်အသီးအနှံများ အသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ်နေ

ရန်ကုန်တိုင်း လှိုင်မြို့နယ် ရှိ သီရိမင်္ဂလာဈေးမှနေ့စဉ်စွန့်ပစ်သည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံ စွန့်ပစ်အမှိုက်များကို စိုက်ပျိုးရေးတွင်ပြန်လည်အသုံးပြုနိုင်သည့် အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ်ထုတ်လုပ်နေကြောင်း သိရသည်။
ထိုပြင် စိုက်ပျိုးရေးလုပ်ငန်းရှင်များထံ ဖြန့်ဖြူးရောင်းချပေး နေကြောင်း သိရသည်။
သီရိမင်္ဂလာဈေးသည် ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးသို့ သီးနှံထွက်ကုန်များ လက်လီ၊ လက်ကား ဖြန့်ဖြူးပေးရာနေရာဖြစ်သည့်အတွက် ဈေးမှနေ့စဉ်စွန့်ပစ်အမှိုက် တန် ၈၀ မှ တန် ၁၀၀ အတွင်းထွက်ရှိနေခြင်းလည်း ဖြစ်သည်။
အဆိုပါစွန့်ပစ်အမှိုက်များကို ဈေးအတွင်း၌ခြံဝင်းခတ်၍ အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်လျက်ရှိရာ စွန့်ပစ်အမှိုက်များအား သဘာဝမြေဩဇာအဖြစ် ပြန်လည်သုံးစွဲမှုကြောင့် ဈေးမှလှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံသို့ စွန့်ပစ်အမှိုက် ပို့ဆောင်မှုသည်လည်း ထက်ဝက်နီးပါးလျော့ကျသွားကြောင်း မရမ်းကုန်းခရိုင် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ သိရသည်။

image