6 ရက် - ဘာသာပြန်ပါ။

အမေရိကန်ပြည်ဝင်ခွင့်မရခဲ့တဲ့ ဆိုမာလီဒိုင်အား ကမ္ဘာ့ဖလားဒိုင်ကြေး အပြည့်အဝပေးလာမဲ့ ဖီဖာ
=====================

အမေရိကန်ပြည်ဝင်ခွင့်မရခဲ့ဘဲ အိမ်သို့ လှည့်ပြန်ခဲ့ရတဲ့ ဆိုမာလီဒိုင်လူကြီးအိုမာအာတန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအား ကြီးကြပ်ခွင့်မရပေမဲ့လည်း ကမ္ဘာ့ဖလားဒိုင်ကြေး အပြည့်အဝ ရရှိလာပါမယ်။
အိုမာအာတန်ဟာ တနင်္လာနေ့တုန်းက မိုင်ယာမီနိုင်ငံတကာလေဆိပ်သို့ ရောက်လာခဲ့ပေမဲ့လည်း လူဝင်မှုကြီးကြပ်ရေးရဲ့ ၁၁ နာရီကြာ အင်တာဗျူးပြုလုပ်ခြင်းခံခဲ့ရတဲ့အပြင် နာရီအတန်ကြာ ထိန်းသိမ်းခံရပြီးနောက် တူရကီသို့ သွားမဲ့ လေယာဉ်ပေါ်သို့ တင်ခြင်းခံခဲ့ရပါတယ်။
သူဟာ သံတမန်ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့အပြင် အမေရိကန်တစ်ကြိမ်ဝင်ခွင့်ဗီဇာ ရှိထားပေမဲ့လည်း အမေရိကန်ပြည်ဝင်ခွင့်မရခဲ့တာပါ။
အမေရိကန်အစိုးရက အာတန်မှာ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အဖွဲ့ဝင်လို့ သံသယဝင်ခြင်းခံထားရတဲ့ လူများနှင့် အဆက်အသွယ်များ ရှိနေမှုနှင့်အတူ ပြည်ဝင်ခွင့်မပေးခဲ့တာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အာတန်ကလည်း ၎င်းကို ဆိုမာလီစစ်တပ်အုပ်စု Al Shabab နှင့် အဆက်အသွယ် ရှိ/မရှိမေးမြန်းခြင်းခံခဲ့ရကြောင်း ဖွင့်ဟထားပြီး ၎င်းက ယင်းအဖွဲ့ကို မသိဟု ပြန်ဖြေခဲ့ကြောင်း ဆိုထားပါတယ်။
အာတန်ဟာ အမေရိကန်မှ တူရကီသို့ ရောက်လာပြီးနောက် ဖီဖာရဲ့ ထောက်ပံ့ကူညီမှုဖြင့် ဆိုလာမီသို့ ပြန်နိုင်ခဲ့ပါတယ်။
အာတန်ဟာ ကမ္ဘာ့ဖလားကြီးကြပ်ခွင့်ရ ပထမဆုံးဆိုမာလီနိုင်ငံသားဖြစ်လာမဲ့ အခွင့်အရေးနှင့် လက်လွှတ်ခဲ့ရပေမဲ့လည်း ကမ္ဘာ့ဖလားဒိုင်ကြေး အပြည့်အဝ ရရှိလာပါမယ်။
သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဖီဖာထံမှ ဒိုင်ကြေးအပြည့်အဝ ရရှိလာပါမယ်။
ဒါ့အပြင် အာတန်ဟာ ကမ္ဘာ့ဖလာကြီးကြပ်ခွင့်မရခဲ့ပေမဲ့လည်း ဩဂုတ်လ ၁၂ ရက်နေ့ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီနှင့် ယူရိုပါလိဂ်ချန်ပီယံ အက်စတွန်ဗီလာတို့ ကစားမဲ့ ဥရောပစူပါဖလားပွဲအား ကြီးကြပ်ခွင့်ရထားပါတယ်။
၂၀၂၅ ခုနှစ်ရဲ့ အာဖရိကအကောင်းဆုံးဒိုင်ဆုကို ရရှိလာတဲ့ အာတန်ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကြီးကြပ်ခွင့် ရရှိရေး ကြိုးပမ်းသွားမယ်လို့ ဆိုထားပါသေးတယ်။

image