အာဘီလိုအာအား နည်းပြသစ်အဖြစ် ခန့်အပ်ရေး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်တဲ့ ဖူလ်ဟမ်
=====================

ဖူလ်ဟမ်ဟာ အသင်းမှ ထွက်ခွာသွားတဲ့ မာကိုဆေးလ်ဗားနေရာတွင် အယ်ဗာရိုအာဘီလိုအာအား ခန့်အပ်ရေး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပါတယ်။
ဆေးလ်ဗားဟာ ဖူလ်ဟမ်ကို ငါးနှစ်တာ ကိုင်တွယ်ပြီးနောက် ထွက်ခွာကာ ဘင်ဖီကာအား ကိုင်တွယ်လာပါတယ်။
အသက် ၄၃ နှစ်ရှိ အာဘီလိုအာဟာ ရီးရဲလ်မက်ဒရစ်လူငယ်အသင်း၊ ရီးရဲလ်မက်ဒရစ်(ခ)အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် ယခုနှစ်အစောပိုင်းတုန်းက အလွန်ဆို ထွက်ခွာလာချိန်တွင် ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ယခုအခါ အာဘီလိုအာဟာ ဖူလ်ဟမ်နည်းပြရာထူးအား ရယူရန် အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။
အာဘီလိုအာနှင့် ဖူလ်ဟမ်အကြား ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပေမဲ့ အလုံးစုံ သဘောတူညီမှုတော့ မရသေးပါဘူး။ ဒါပေမဲ့ လတ်တလော အခြေအနေများအရ အာဘီလိုအာမှာ ဖူလ်ဟမ်နည်းပြဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။
အာဘီလိုအာဟာ ကစားသမားဘဝတုန်းက လီဗာပူးနှင့် ဝက်စ်ဟမ်းအသင်းတို့တွင်လည်း ကစားခဲ့ဖူးရာ ပရီးမီးယားလိဂ်အတွေ့အကြုံ ပိုင်ဆိုင်ထားသလို စပိန်နှင့်အတူ ကမ္ဘာ့ဖလား၊ ယူရိုပါဖလားတို့လည်း ရရှိခဲ့ဖူးပါတယ်။

image