မိုက်ကယ်ကာရစ်ကြောင့် ယူနိုက်တက်တွင် တကျော့ပြန်ကစားနိုင်မဲ့ မျှော်လင့်ချက် ပိုင်ဆိုင်လာတဲ့ မားကပ်စ်ရက်ဖို့ဒ်
=====================

မိုက်ကယ်ကာရစ်ဟာ မားကပ်စ်ရက်ဖို့ဒ်အတွက် ယူနိုက်တက်ကစားသမားဘဝ ပြန်လည် ပိုင်ဆိုင်နိုင်ရေး တံခါးဖွင့်ပေးလာပါတယ်။
ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ဟာ အသက် ၂၈ နှစ်ရှိ အင်္ဂလန်တောင်ပံကစားသမားနှင့် ပုံမှန် အဆက်အသွယ် ရှိနေသူလည်း ဖြစ်ပါတယ်။
ကာရစ်ဟာ မားကပ်စ်ရက်ဖို့ဒ် ပြန်လာရေးနှင့်ပတ်သက်ပြီး ယူနိုက်တက်ပထမအသင်းခေါင်းဆောင်များရဲ့အသံကို နားထောင်ကြည့်ရာ အပြုသဘောဆောင်တဲ့ စကားများ ရရှိပြီးနောက် အိုးထရက်ဖို့ဒ်သို့ ပြန်လာရေး တံခါးဖွင့်ပေးလာတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် ရက်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက နောက်ဆုံးကစားခဲ့တာပါ။
သူဟာ နည်းပြရူဘင်အမိုရမ်နှင့် အဆင်မပြေဖြစ်ပြီးနောက် အက်စတွန်ဗီလာ၊ ဘာစီလိုနာသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
သူဟာ ဘာစီလိုနာနှင့် အငှားစာချုပ်အတွင်းတွင် ပေါင် ၂၆ သန်းဖြင့် အပြီးသတ်ခေါ်ယူမဲ့ အချက်ပါဝင်ပေမဲ့လည်း အပြီးသတ်ခေါ်ယူရေး ငြင်းဆိုခြင်းခံခဲ့ရပါတယ်။
သူဟာ ဘာစီလိုနာကို လာလီဂါဖလားရရှိအောင် ကူညီခဲ့ပြီးနောက် အပြီးသတ်ပြောင်းမယ်လို့ ယူဆခဲ့ရတာပါ။ ဒါပေမဲ့ ဘာစီလိုနာဟာ နယူးကာဆယ်မှ အန်တိုနီဂေါ်ဒွန်အား ပေါင်သန်း ၇၀ ဖြင့် ခေါ်ယူလာမှုနှင့်အတူ ရက်ဖို့ဒ်ရဲ့ နူးကမ့်မျှော်လင့်ချက်လည်း အဆုံးသတ်သွားပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ဘယ်တောင်ပံတိုက်စစ်အတွက် ကစားသမားသစ်ရှာဖွေနေတာ ဖြစ်ပြီး ရက်ဖို့ဒ်အား အသင်းသို့ ပြန်ခေါ်ဆောင်ရေးမှာ အလေးအနက်ထား စဉ်းစားစရာ ဖြစ်နေပါတယ်။
ရက်ဖို့ဒ်ဟာ ယူနိုက်တက်ပထမအသင်းတွင် ကစားတဲ့ ၉ နှစ်ကျော်အတွင်း ပရီးမီးယားလိဂ်ပွဲ ၂၈၇ ပွဲတွင် ၈၇ ဂိုးသွင်းပေးထားသူ ဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်တွင်မှ ကုန်ဆုံးပါမယ်။
တဖက်တွင် မားကပ်စ်ရက်ဖို့ဒ်ဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် အပြည့်အဝ အာရုံစိုက်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်မှ အနာဂတ်ကို ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။
အစောပိုင်းသတင်းများအရ ဘိုင်ယန်မြူးနစ်ကလည်း မားကပ်စ်ရက်ဖို့ဒ်ကို ခေါ်ယူရေး စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပါတယ်။

image