6 ရက် - ဘာသာပြန်ပါ။

စိတ်ပြောင်းကာ အန်ဖီးလ်တွင် မိုဟာမက်ဆာလက် ဆက်ရှိနေဖွယ်ရှိ
===================

မိုဟာမက်ဆာလက်မှာ စိတ်ပြောင်းကာ လီဗာပူးတွင် ဆက်ရှိနေဖွယ်ရှိကြောင်း အီဂျစ်ကစားဖော်တစ်ဦးက ဖွင့်ဟပြောကြားလာပါတယ်။
အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ၉ နှစ်ကြာ ကစားလာခဲ့တဲ့ လီဗာပူးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဆာလက်ဟာ နည်းပြအန်းဆလော့နှင့် အဆင်မပြေဖြစ်ပြီးနောက် တစ်နှစ်စာချုပ်အား စောစောစီးစီး ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဆာလက်ဟာ အန်းဆလော့ ထုတ်ပယ်ခြင်းခံလာရမှုနှင့်အတူ စိတ်ပြောင်းကာ လီဗာပူးတွင် ဆက်ရှိနေဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အီဂျစ်ကစားဖော်အာမက်အယ်ရှီနာဝီက "လီဗာပူးက ထွက်ခွာရမှုက မိုကို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေပါတယ်။ ဒါပေမဲ့ အခြေအနေပြောင်းလဲသွားနိုင်တယ်။ ပြီးတော့ အသင်းမှာ သူ ဆက်ရှိနိုင်တယ်။ အနာဂတ် ဘာဖြစ်လာမလဲ မသိဘူးလို့တောင် သူက ကျွန်တော့်ကို ပြောပြပါတယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ အန်းဆလော့ကို ထုတ်ပယ်ကာ ဘုန်းမောက်နည်းပြဟောင်းအန်ဒိုနီအိုင်ရာအိုလာအား နည်းပြသစ်အဖြစ် ခန့်အပ်ထားပါတယ်။
တဖက်တွင် ဆာလက်ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်မှ အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဆာလက်ဟာ ၂၀၁၇ ခုနှစ်တွင် ရိုးမားမှ ပြောင်းလာပြီးနောက် လီဗာပူးအတွက် ၄၄၂ ပွဲကစားထားရာမှာ ၂၅၇ ဂိုးသွင်းပြီး ၁၂၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားကာ ကလပ်သမိုင်းတွင် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းထားသူ၊ ဖန်တီးမှု အများဆုံးပြုလုပ်ထားသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။
သူဟာ လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်လည်း ဆွတ်ခူးထားပါတယ်။

image