6 ရက် - ဘာသာပြန်ပါ။

အခိုးခံရတဲ့ အင်္ဂလန်အသင်း လေ့ကျင့်ရေးပစ္စည်းများ ပြန်လည် တွေ့ရှိလာ
====================

အင်္ဂလန်အသင်းဟာ စနေနေ့တုန်းက ကန်ဆက်စ်စီးတီးသို့ ရောက်လာချိန်တွင် အခိုးခံခဲ့ရတဲ့ လေ့ကျင့်ရေးပစ္စည်းအများစုကို ပြန်လည် တွေ့ရှိလာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လေ့ကျင့်ရေးကွင်းသုံးပစ္စည်းများကို ကန်ဆက်စ်စီးတီးရှိ အသင်းအခြေစိုက်ရာ Swope Soccer Village သို့ ပေးပို့ပြီးနောက် အခိုးခံခဲ့ရပါတယ်။
အမေရိကန်ရဲတပ်ဖွဲဟာ သောကြာနေ့တုန်းက ပစ္စည်းများ ခိုးယူပျောက်ဆုံးသွားပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူ ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ယခုအခါမှာတော့ အင်္ဂလန်အသင်းရဲ့ အခိုးခံရတဲ့ လေ့ကျင့်ရေးပစ္စည်းများ ပြန်လည် တွေ့ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခိုးရတဲ့ ပစ္စည်များထဲတွင် အဖိုးတန်ဘောလုံးကန် ဖိနပ်အပါအဝင် ပွဲအတွက် အရေးပါတဲ့ ပစ္စည်းများ ပါဝင်ခြင်း မရှိပါဘူး။
အင်္ဂလန်အသင်းဟာ ယနေ့ တနင်္ဂနွေနေ့တွင် Swope Soccer Village မှာ စတင် အပြည့်အဝ လေ့ကျင့်ခန်းဆင်းလာပါမယ်။
အင်္ဂလန်ဟာ ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ခရိုအေးရှားနှင့် ရင်ဆိုင်ကစားရပါမယ်။

image