ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီဝင်များကပူးပေါင်းပါဝင်ခဲ့
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ ဇွန် ၆ ရက်ကပြုလုပ်သည့် အပတ်စဥ် စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီ ဝင်များကပူးပေါင်းပါဝင်ပြုလုပ်ပေးခဲ့ကြသည်။
ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်(အစိုးရ၏အာမခံချက်များကတိများနှင့်တာဝန်ခံချက်များ စီစစ်ရေးကော်မတီ၏ ကော်မတီဝင်)ဦးဥာဏ်ဝင်းထိုက်မှ လွှတ်တော်မသွားမှီကြိုတင်ပေါင်းစပ်ညှိ နှိုင်းချက်အရ ဗိုလ်တထောင်မြို့နယ် USDP ပါတီအတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များကပူးပေါင်းပါဝင်ကူညီပေးခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ဆေးရုံမျက်နှာစာသန့်ရှင်းရေးအတွက် လက်ရှိစွန့်ပစ်အမှိုက်ပုံးများကို ဆေးရုံဝင်းအတွင်းသင့်လျော်သည့်နေရာ၌ ပြန်လည်နေရာချထားပေးရန် မြို့နယ်စည် ပင်နှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။