5 နာရီ - ဘာသာပြန်ပါ။

မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံး သပ်ရေးကော်မတီဖွဲ့စည်းမည်

ပြည်သူ့အသံများကိုပိုမိုထိရောက်စွာနားထောင်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။
မွန်ပြည်နယ်လွှတ်တော်က ပြည်သူ့အသံများဖြစ်သော တိုင်ကြားစာ၊ အသနားခံစာများကို လက်ခံဖြေရှင်းပေးလျက်ရှိရာမှ ပိုမိုထိရောက်အားကောင်းစွာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ များနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
" ပြည်သူ့အသံများကိုကျယ်ပြန့်စွာနားထောင်နိုင်ရန်အတွက် တိုင်ကြားစာနှင့်ပတ်သက်သည့် ကော်မတီကို ဖွဲ့စည်းပေးသွားမည်"ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသည်။
ကော်မတီဖွဲ့စည်းပြီးပါက တိုင်ကြားစာများလက်ခံခြင်း၊ စိစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဖြေရှင်းခြင်း၊ တိုင်ကြားစာများအပေါ် ကော်မတီ၏ သဘော ထားမှတ်ချက်ဖြင့် အစိုးရအဖွဲ့နှင့်ညှိနှိုင်းပေးခြင်းများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

image