ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ပေး

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ဇွန် ၃၀ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အသိပေးခဲ့သည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဒီဇယ်ဆီ HSD(500 ppm)တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်(၂ ရာခိုင်နှုန်း)တို့ကို ဇွန် ၃၀ ရက်အထိထပ်မံကင်းလွတ်ခွင့်ပြုခဲ့သည်။
အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဇွန် ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့် ဒီဇယ်ဆီ HSD(500ppm)သာ အကျုံးဝင်မည်ဖြစ်သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများသက်သာစေနိုင်ရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)တင်သွင်းမှုအပေါ် ကောက်ခံသော အလကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေ ခွန်တို့ကင်းလွတ်ခွင့်ကိုလည်း ဇွန် ၃၀ ရက်အထိထပ်မံခွင့်ပြုပေးခဲ့သည်။
အဆိုပါ အခွန်ကင်းလွတ်ခွင့်သည်လည်း ဇွန် ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့် သဘာဝဓာတ်ငွေ့ရည်သာအကျုံးဝင်မည်ဖြစ်သည်။
ထို့အတူ ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက် ခံသည့် ကြိုတင်ဝင်ငွေခွန်(၂ ရာခိုင်နှုန်း)ကိုလည်း ဇွန် ၃၀ ရက်အထိ ထပ်မံကင်းလွတ်ခွင့်ပြုခဲ့ကာ ယင်း ကင်း လွတ်ခွင့်သည် ဇွန် ၃၀ ရက်အထိ အကောက်ခွန်ဦးစီး ဌာလန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့် ဓာတ်မြေဩဇာများသာအကျုံးဝင်မည်ဖြစ် သည်။

image